မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 17, 2015
၂၀၀၇ရွှေဝါရောင်တော်လှန်ရေးသည်
ဓမ္မနှင့် အဓမ္မ(၀ါ)
မေတ္တာနှင့် အာဏာ၏ အားပြိုင်မှုပဲဖြစ်ပါ
တယ်
ဓမ္မနဲ့အဓမ္မလွန်ဆွဲပွဲမှာ
အမှန်တရားအရဓမ္မသည်
သာလွန်သည်မှာမှန်သော်ငြားလည်း
အခြေအနေအရ ဓမ္မက ခေတ္တနောက်ဆုတ်ခဲ့ကြရတာပြည်သူအ
များအသိပဲဖြစ်ပါတယ်။
ရေများရေနိုင် မီးများမီးနိုင်သလို
အဓမ္မဝါဒီတွေရဲ့သေနပ်တွေက
မိုးပေါ်ထောင်ပြစ်ဖို့ပဲကိုင်ခဲ့တာမဟုတ်
ကြပဲလေ…
သံဃာရဲ့အဆောင်အယောင်
သင်္ကန်းဆိုတာရုံထားတာတောင်
ရက်ရက်စက်စက် ပစ်ရက်ကြတဲ့လူမိုက်
တွေ……
ဒီလိုသံဃာတွေကိုရက်စက်စွာသတ်ဖြတ်
ခဲ့တာဘယ်သူတွေလည်း
လက်ပတောင်းမှာမီးလောင်ဗုံးနဲ့သံဃာ
တွေကိုဖြိုခွင်းတာဘယ်သူတွေလည်း
မိထ္တိလာအရေးအခင်းက
ကုလားနဲ့သံဃာ
ပြသာနာတွေတက်ပြီး
သတ်ကြ ဖြတ်ကြအခြေနေတွေကိုဖန်တီး
ပေးခဲ့တာဘယ်သူတွေလည်း
ဘယ်နေရာကိုကြည့်ုကြည့်
သံဃာတွေကိုတည်ကြက်လုပ်နေကြ
တယ်။
ဦးဥတ္တမ ဦးဝီစာရ
မြန်မာပြည်က
သံဃာသူရဲကောင်းတွေ
တကယ်စံထားထိုက်ပါတယ်
သံဃာတွေရဲ့သွေးလည်းရဲရဲနီပါပဲ။
ဒါ့တွေကြောင့်
ရဟန်းပျိုတွေကို
ဘာသာ သာသနာနဲ့သွေးထိုးလှုံ့ဆော်ပြီး
လူမျိုးရေးဖန်တီးနေကြတာရပ်သင့်ပါပြီ။
ဘယ်လူမျိုး ညာလူမျိုးဆိုထက်
လူမျိုးတမျိုးရဲ့ ဓလေ့ ဗီဇ အမူအကျင့်
စရိုက်တွေကိုသိထားကြရမှာဖြစ်ပါတယ်
သူတပါးဘာသာကိုစော်ကားစွာရေးနေ
ပြောနေကြမဲ့အစားမိမိဘာသာ မိမိလူမျိုး
မိမိအမျိုးကိုခင်တွယ်ကြစေဖို့
ချစ်တတ်ကြစေဖို့
မြတ်နိုးတတ်ကြစေဖို့
ဘယ်လိုတွေစွမ်းဆောင်ပေးနိုင်မလည်း
ဆိုတာကိုစဉ်းစားကြရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟာမေတ္တာဝါဒီကိုသာဟောကြားခဲ့ပါ
သည်။
ပြောရရင်ဗုဒ္ဓတရားသည်
ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာရည်ညွှန်းခဲ့
တာဖြစ်ပါတယ်။
ပြည်သူတို့အတွက်
အမှန်တရားဖက်ကရပ်တည်ခဲ့လို့
အသက်ခန္တာစွန့်သွားကြရတဲ့သံဃာ
တွေကောင်းမွန်ရာဘုံဘဝတွေကိုရောက်
နိုင်ကြပေမဲ့
ဗုဒ္ဓတရားတော်နဲ့သွေဖီလွန်းနေတဲ့တချို့
တချို့တွေ
ဘုရားသားတော်ဆိုတဲ့အမည်တွေခံပြီး
အွန်လိုင်းပေါ်မှာရေးနေကြတာ
အကုသိုလ်တွေများပါတယ်
ပြီးတော့လူထုခေါင်းဆောင်
ပြည်သူချစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်
ကိုနစ်နစ်နာနာတွေရေးနေတာမြင်ရတော့
စိတ်ကောင်းပါ။
သူတပါးဘာသာခြားကမြင်ကြလျှင်
ဗုဒ္ဓသာကလူမပြောနဲ့ဘုန်းကြီးရဟန်း
တောင်အတော်မိုက်ရိုင်းကြတာပါလားလို့
မှတ်ချက်ပေးကြမယ်ဆိုလျှင်
ဗုဒ္ဓဘာသာဖြစ်တဲ့ကျွန်မတို့လည်းမခံနိုင်
ပါ။
ဘုန်းကြီး တွေနာမည်တတ်ပြီးအကောင့်
တုတွေနဲ့မဖွယ်မရာရေးနေတာတွေ
လည်းမဖြစ်သင့်ဘူးလို့ကျွန်မထင်ပါတယ်
အချင်းချင်းဆော်ကြတာ
အနိုင်ရကြသလား
ဘယ်သူမှအနိုင်မရကြပါ
အချင်းချင်းအမုန်းတရားတွေကသာပိုတာ
သွားပြီးအာဏာရှင်တွေကကုလားထိုင်
ပေါ်ကနေမိန့်မိန့်ကြီးထိုင်ကြည့်နေတာပဲ
ခံကြရတယ်။
ပြည်သူအချင်းချင်းပြန်ခွပ်နေကြလို့က
တော့အာဏာရှင်အကြိုက်ပဲဖြစ်နေကြ
အုန်းမှာပါ။
အာဏာရှင်လွှမ်းမိုးခဲ့တာနှစ်၆၀ပြည့်တော့
မည်။
ဒီတော့ပြောချင်တာက
ပြည်သူအများရဲ့ထောက်ခံမှုကိုရနေတဲ့
ခေါင်းဆောင်တယောက်ကို ပြည်သူအများမျှော်လင့်နေတဲ့ခေါင်း
ဆောင်ကို၅နှစ်လောက်လေးယုံကြည်
မပေးနိုင်ဘူးလား
၅နှစ်လောက်ပြည်သူကိုအလုပ်အကျွေး
မပြုစေချင်ဘူးလားလို့ဆိုတာကို
စဉ်းစားပေးကြပါလို့အနှုးအညွှတ်တောင်း
ဆိုလိုက်ရပါတယ်
စုချစ်သမီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment