ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာရှိ တိမ်းရှောင်စခန်းအား ကျန်းမာရေးစစ်ဆေး
========================================
24, September, 2015 By Kachin People
၂၀၁၅ ခုနှစ် စက်တက်ဘာ(၂၃)ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော လခြမ်းနီအသင်းများ ဖက်စ်ဒရေး ရှင်းအဖွဲ့တို့မှ ကချင်ပြည်နယ်ကြက်ခြေနီတာဝန်ခံ ဦးဂဲနက်စ်ပါ(၅)ဦးတို့နှင့်အတူ ၀ိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာသို့ ရောက်ရှိလာပြီး တိမ်းရှောင်းစခန်းမှ စခန်းတာဝန်ခံ ဦးသိန်းထိုက်နှင့် စခန်းရှိ မိသားစုစားဝတ်နေရေး ကျန်းမာရေးအခြေအနေများနှင့်ပက်သက်၍ မေးမြန်းစုံစမ်းခြင်း၊ စခန်းရှိ အဆောက်အဦးများကိုပါ လိုက်လံကြည့်ရှုစစ်ဆေးသွားခဲ့ ပါသည်။
အစိုးရအောက် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ရှိ တိမ်းရှောင်စခန်းများအား ကချင်ပြည်နယ်ရှိ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ လစဉ်သွားရောက်ကြည့်ရှုဆောင်ရွက်ပေးလျှက်ရှိပြီး၊ တိမ်းရှောင်များ နေထိုင်သော အဆောက်အဦးများ၊ အိမ်သာများအား ခိုင်ခံ့မှုရှိမရှိ၊ ကျန်းမာရေးနှင့် အညီ နေထိုင်စားသောက်မှုတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ လူမှုကူညီရေး အသင်းအဖွဲ့ များမှလည်း လစဉ်စားနပ်ရိက္ခာထောက်ပံ့ပေးလျှက် ရှိပါသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment