Sunday, September 20, 2015

လောက်ကိုင်ဒေသလုံခြုံ၍ တည်ငြိမ်အေးချမ်းသောအခြေအနေကို ပြန်လည်ရောက်ရှိ ================================

လောက်ကိုင်ဒေသလုံခြုံ၍ တည်ငြိမ်အေးချမ်းသောအခြေအနေကို ပြန်လည်ရောက်ရှိ
=====================================

နေပြည်တော် စက်တင်ဘာ ၁၉

ဖုန်ကြားရှင် ဦးဆောင်သောMNDAA သောင်းကျန်းသူများသည် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်ပြီး အစိုးရအပေါ် နိုင်ငံရေးအရ အကျပ်ကိုင်၍ မတရားအခွင့် အရေးများ တောင်းဆိုနိုင်ရန် လောက်ကိုင်ဒေသအတွင်း စိမ့်ဝင်ခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်တွင် တောက်ရွှေကျေးရွာ၊ မော်ထိုက်ကျေးရွာနှင့် ၁၈ မိုင်လမ်းဆုံတို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီ ၁ဝ ရက်တွင် လောက်ကိုင်မြို့၊ ကုန်းကြမ်း မြို့နှင့် လောက်ကိုင်ဒေသ နေရာအနှံ့အပြားတို့တွင်လည်းကောင်း ကြိုတင်စီမံထားသည့်အတိုင်း စတင်တိုက်ခိုက်၍ ဒေသတစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ကြိုးစားခဲ့သည်။

သို့ဖြစ်၍ နိုင်ငံအချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် လောက်ကိုင်ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော်သည် အုပ်ချုပ်ထောက်ပံ့မှုနှင့် အင်အားဖြည့်တင်းခြင်းကို လေယာဉ်၊ ရဟတ်ယာဉ်၊ မော်တော် ယာဉ်များဖြင့် အချိန်မီဆောင်ရွက်ခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုကာMNDAA သောင်းကျန်း သူများအား တိုက်ခိုက်ချေမှုန်းခဲ့သည်။
MNDAA သောင်းကျန်းသူများသည် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နယ်မြေကျဉ်းမြောင်းလာ သဖြင့် အင်အားများစုစည်းကာ မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင် (၁၁၉) အနီးရှိ တောင်ကုန်းများတွင် ခံစစ်ဆင်ရန် စီမံခဲ့ရာ တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်ချေမှုန်းခဲ့သည်။

လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ စုစုပေါင်းထိတွေ့ တိုက်ပွဲ ၄၈၃ ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA သောင်းကျန်းသူများထံမှ အလောင်း၂၂၆ လောင်း(အလောင်းရ)၊ လက်နက်မျိုးစုံ ၄၅၂ လက်၊ ကျည်မျိုးစုံ ၉၄၈၇၂ တောင့်၊ ကျည်အိမ်မျိုးစုံ ၇၅၂ ခု၊ လက်ပစ်ဗုံး ၁ဝ၁၉ လုံး၊ ဗုံးသီး/ ဒုံးသီးမျိုးစုံ ၂၉၅ လုံး၊ မိုင်းမျိုးစုံ ၂၂၉ လုံး၊ ဆက်စပ်ပစ္စည်းများ ၊ ကျည်ကာအင်္ကျီများ၊ မော်တော်ယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၇ စီးနှင့် ဘက်ဟိုး ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သောင်းကျန်းသူ ၄၈ ဦးအား ဖမ်းဆီးရမိခဲ့ကာ တပ်မတော်မှလည်း အရာရှိ၊ စစ်သည်များ နိုင်ငံတော်အတွက် အသက်ခန္ဓာစွန့်လွှတ်ပေးဆပ်ခဲ့ရသည်။
MNDAA သောင်းကျန်းသူများသည် လောက်ကိုင်ဒေသအတွင်း ဒေသခံတိုင်းရင်းသားများနှင့် ရောနှောပြီး စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အယောင်ပြလုပ်ဆောင်ကာ လူ/လက်နက်/ခဲယမ်း စုဆောင်း၍ အင်အား တည်ဆောက်ခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းလုပ်ကိုင်ပြီး ငွေကြေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ပွဲများ ပြင်းထန် ရှည်ကြာလာခဲ့ရာ ထိခိုက်ကျဆုံးမှုများလာသဖြင့် ဒေသခံတိုင်းရင်းသားများအား အဓမ္မစစ်သားစုဆောင်း၍ မူးယစ်ဆေးဝါးအသုံးပြုကာ အသေခံတိုက်ပွဲဝင်စေခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း တပ်မတော်စစ်ကြောင်းများက MNDAA သောင်းကျန်းသူများထံမှ ဘိန်းဖြူ ၇ ဒသမ ၆၆၃၉ ကီလို ၊ ဘိန်းစိမ်း ဝ ဒသမ ၂၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁၂ဝ၂၇ ပြား၊ စိတ်ြ
လောက်ကိုင်ဒေသ နယ်မြေအခြေအနေမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေပြီး တောတောင်လျှို မြောင်ထူထပ်သည့်အပြင် ကျောက်တောင်များမှာ မတ်စောက်၍ လျင်မြန်စွာချီတက်သွားလာရန် ကန့်သတ်ချက် များရှိခဲ့သည်။ သောင်းကျန်းသူများအနေဖြင့် နယ်မြေကျွမ်းကျင်မှုနှင့် မြေအခြေအနေ အရေးသာမှုများကို အသုံးချ၍ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ထိရောက်သော ပစ်အားနှင့်အတူ တပ်မတော်သားများ၏ နိုင်ငံတော်အတွက် အသက်ခန္ဓာကိုမငဲ့ကွက်ဘဲ ရွပ်ရွပ်ချွံချွံ ရဲဝံ့စွာစွန့်စား တိုက်ခိုက်မှုများကြောင့် ယခုအခါ လောက်ကိုင်ဒေသသည် လုံခြုံ၍တည်ငြိမ်အေးချမ်းသောအခြေအနေကို ပြန်လည် ရောက်ရှိလာပြီဖြစ်သည်။

ဆက်လက်၍ လောက်ကိုင်ဒေသတွင် ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနေထိုင်လုပ်ကိုင်နိုင်ရေး တပ်မတော်မှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။ (မြဝတီ)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: