မြန်မာယူ၁၉ ၀ - ၀ ထိုင်းယူ၁၉ (ပွဲပြီးရလဒ်)
※※※※※※※※※※※※※※※※※※※
မြန်မာဘောလုံးချစ်မြတ်နိုးသူများ
ထိုင်းအသင်းဟာ အာဆီယံယူ၁၉ ဗိုလ်စွဲခဲ့တဲ့အသင်းက အဓိကကစားသမား ၁၀ ယောက်မပါလာဘဲ၊ အရံကစားသမား အများစုကို သုံးပြီး မြန်မာယူ၁၉အသင်းနဲ့ ခြေစမ်း
ကစားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းယူ၁၉အသင်းက ကစားကွက်အသာ ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း မြန်မာယူ၁၉အသင်းနောက်တန်းနှင့် ဂိုးသမား ဘုန်းသစ္စာမင်းတို့ ခုခံကာကွယ်ထားနိုင်သဖြင့်
ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိ သရေ ဖြစ်နေသည်။ မြန်မာယူ၁၉ ဂိုးသမား ဘုန်းသစ္စာမင်းအနေနှင့် ထိုင်းအသင်း၏ ဂိုးသွင်းမှု ၄ ၅ ကြိမ်ခန့် ကိုကာကွယ်ပေးထားခဲ့ခြင်းဖြစ်သည်။
မြန်မာယူ၁၉အသင်းသည် ၄-၂-၃-၁ ပုံစံဖြင့်ကစားနေပြီး ကွင်းလယ်ကစားသမားများ လုပ်အားနှုန်းကောင်းကောင်းဖြင့် တက်ဆင်းကစားပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာယူ၁၉အသင်းကစားပုံအနည်းငယ်ပိုကောင်းလာသော်လည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတော့ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ မြန်မာယူ၁၉နောက်တန်းအနေနဲ့ 
ဖျက်ထုတ်ရာမှာ ပြစ်ဒဏ်ဘော၊ ပယ်နယ်တီ အပေးမခံရအောင် ဂရုပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဒုတိယပိုင်းမှာလည်း ဂိုးသမား ဘုန်းသစ္စာမင်း အကောင်းဆုံးဆက်လက် လက်စွမ်းပြသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့် လက ကစားသည့်ပွဲတွင်
၃ဂိုး၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် မြန်မာယူ၁၉အသင်း ခြေတက်လာသည်ဟုပင်ဆိုရမည် ဖြစ်သည်။
မြန်မာယူ၁၉အသင်းသည် အာရှယူ၁၉ ခြေစစ်ပွဲ ပထမပွဲစဉ်အဖြစ် ဘရူနိုင်းအသင်းနှင့် စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ရန်ကုန်မြို့ သုဝဏကွင်းတွင် ကစားရမည် ဖြစ်သည်။ အဆိုပါပွဲစဉ်ကို ပရိသတ်ဝင်ရောက်ကြည့်ရှုခွင့်
ပိတ်ခံထားရ သဖြင့် ပရိသတ်မပါဘဲ ကစားရမည် ဖြစ်သည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment