Sunday, September 20, 2015

အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ အစ္စလာမ် ဘာသာဝင်တွေကို ဗြိတိသျှထောက်လှမ်းရေး ငွေပေးပြီး သူလျှိုလုပ်ခိုင်းတယ် လို့ဆို --------------------------------------

အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ အစ္စလာမ် ဘာသာဝင်တွေကို ဗြိတိသျှထောက်လှမ်းရေး ငွေပေးပြီး သူလျှိုလုပ်ခိုင်းတယ် လို့ဆို
--------------------------------------

ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ MI5 က အကြမ်းဖက်မှုတွေကို ကြိုတင်တားဆီးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗြိတိန်နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို ငွေပေးပြီး ဗလီတွေမှာ သူလျှို လုပ်စေခဲ့တယ်လို့ ဗြိတိသျှ မူစလင်အသိုင်းအဝိုင်းမှ ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်ကို ကိုးကားပြီး Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။

MI5 ဟာ လန်ဒန်နဲ့ မန်ချက်စတာအပါအဝင် အင်္ဂလန်မြို့ကြီးတွေမှာ အစ္စလာမ် ဘာသာဝင်တွေကို ယာယီသူလျှိုအဖြစ် လုပ်ကိုင်ပေးဖို့ ငှားရမ်းထားပြီး ပေါင်နှစ်ထောင်အထိ ပေးထားရတဲ့သူတွေတောင် ရှိတယ်ဆိုပြီး မူစလင် အသိုင်းအဝိုင်းထံမှ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံ လုံခြုံရေးကို ကာကွယ်တာကို ကျွန်တော်တို့ လိုလားပါတယ်။ ဒါပေမဲ့ စေ့စေ့စပ်စပ် လုပ်ဖို့တော့ လိုပါလိမ့်မယ်။ သူတို့အနေနဲ့ အဲ့ဒီလို ငွေပေးမယ်ဆိုရင် လူတိုင်းက ငွေလိုချင်တဲ့အတွက် လုပ်ကြံဖန်တီးထားတဲ့ မဟုတ်မဟပ် သတင်းတွေ ပေးကြပါလိမ့်မယ်” လို့ အရှေ့လန်ဒန်ဗလီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆယ်လ်မန်ဖာစီက ပြောပါတယ်။
အစွန်းရောက်ဗြိတိန် အစ္စလာမ္မစ် သုံးထောင်ဝန်းကျင်ကို ရဲတပ်ဖွဲ့နဲ့ တခြားလုံခြုံရေး တပ်ဖွဲ့တွေက စောင့်ကြည့်နေတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နှစ်ရက်အကြာမှာ အခုလို MI5 က အစ္စလာမ် ဘာသာဝင်တွေကို ငွေပေးပြီး သတင်းပေးလုပ်ခိုင်းတဲ့ သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်း တစ်ယူသန်ပုဂ္ဂိုလ်တွေ အကြမ်းဖက်မှုလမ်းစဉ်ဘက်ကို ကူးပြောင်းသွားတာနဲ့အတူ တိုင်းပြည်ဟာ မကြုံစဖူး အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်တစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး အင်တာနက် လူမှုကွန်ရက်တွေ အနေနဲ့ အကြမ်းဖက်မှု သတင်းတွေကို တာဝန်ရှိသူတွေထံ အကြောင်းကြားဖို့ ကျင့်ဝတ်ပိုင်းအရ တာဝန်ရှိတယ်လို့ MI5 အကြီးအကဲ အန်ဒရူးပါကားက ပြောပါတယ်။

ဗြိတိသျှထောက်လှမ်းရေး တပ်ဖွဲ့ဟာ အကြမ်းဖက်သမား ဖြစ်နိုင်သူတွေရဲ့ အွန်လိုင်းပေါ်မှာ ပြောဆိုဆက်ဆံတာတွေကို စောင့်ကြည့်ခွင့်ရဖို့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေး ကြိုးစားနေပေမယ့် အဲ့ဒီအစီအစဉ်ဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးသမားတွေနဲ့ ထိပ်တိုက်တွေ့နေပါတယ်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: