စစ်တွေတွင် အသက်ရှစ်နှစ်အရွယ် မသန်စွမ်းကလေးငယ်ကို အဓမ္မပြုသည် ဆိုသည့် တပ်မတော်သားကို ဖမ်းဆီး
--------------------------------------
စစ်တွေမြို့တွင် အသက်ရှစ်နှစ် အရွယ်ရှိ မသန်စွမ်း မိန်းကလေးငယ်ကို အဓမ္မပြုခဲ့သည်ဟု စွပ်စွဲခံရသည့် တပ်မတော်သားကို စက်တင်ဘာလ ၂၃ ရက်နေ့က ဖမ်းဆီး၍ အမှုဖွင့်ထားကြောင်း စစ်တွေ မြို့မရဲစခန်းမှ ရဲအုပ်အေးခင်မောင်က ပြောကြားသည်။
အဓမ္မပြုခံရသည့် မိန်းကလေးသည် စစ်တွေမြို့ ဓညဝတီ (က) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့က အမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ စွပ်စွဲခံရသူမှာ စစ်တွေအခြေစိုက် အမှတ် (၃၅၄) ခြေမြန်တပ်ရင်းမှ အသက် ၂၉ နှစ် အရွယ် တပ်သားနေဝင်းအောင် ဖြစ်ကြောင်း အထက်ပါဒုရဲအုပ်က ဆိုသည်။
“ကျွန်တော်တို့ကတော့ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားတယ်။ တပ်မတော်သား ဖြစ်တဲ့အတွက် ချက်ချင်း အပြစ်ပေးနိုင်ဖို့ ကျွန်တော်တို့စခန်းမှာပဲ စစ်ခုံရုံး တာဝန်ရှိသူတွေ စစ်နေတယ်” ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောဆိုသည်။
လက်ရှိအချိန်၌ အဓမ္မပြုခံရသည့် မိန်းကလေးသည် စစ်တွေဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း၊ ယင်းမိန်းကလေးသည် လမ်း မလျှောက်နိုင်သည့် မသန်စွမ်းတစ်ဦး ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment