မဘသကို ဝေဖန်ပါ
(ရေးသူ = ဆရာတော် ဦးရာဝိက)
သံဃာထုကို မထိခိုက်စေနဲ့
မဘသအဖွဲ့နဲ့ ပတ်သက်လို့ နည်းနည်းပြောချင်တယ်။
မဘသအဖွဲ့က NLD ကို တိုက်ခိုက်ပြီး
ဖွတ်တွေကို မဲပေးဖို့ အတိအလင်း
ကျေညာလာတဲ့အခါ မဘသအဖွဲ့နဲ့
ပတ်သက်ပြီး မိမိ နည်းနည်း
ရေးချင်ပါတယ်။
ဒါဟာ မိမိကိုယ်တိုင်ကသော်လည်းကောင်း၊ မိမိအသိအကျွမ်းဘုန်းကြီးအချို့ကသော်လည်းကောင်း ပေးပို့တဲ့ အချက်အလက်တွေကို အခြေခံပါတယ်။
မဘသအဖွဲ့ကို လက်ရှိအင်းစိန်ရွာမဆရာတော်က ဦးဆောင်နေပါတယ်။
ဥက္ကဋ္ဌဆရာတော်ပါ။
ဆရာတော်က မဘသအဖွဲ့ထဲ ခြေစုံပစ်ဝင်ရတဲ့ အကြောင်းတစ်ခု ရှိပါတယ်။
အဲဒါကတော့ မဟနကိစ္စပါပဲ။
အပြင်ပန်းမှာ မဟန (နိုင်ငံတော်သံဃာ့မဟာနာယက)
ဆရာတော်များက မဘသကို ထောက်ခံကြတယ်လို့ ထင်မြင်ယူဆကြလေ့ ရှိပါတယ်။
အမှန်မှာ မဟနနဲ့ မဘသတို့ဟာ သိပ်ပြီးတော့ အစေးကပ်လှတာ မဟုတ်ပါဘူး။
ဖြစ်ပုံက ဒီလိုပါ။
မဟနဥက္ကဋ္ဌ မကွေးဆရာတော် ပျံလွန်တော်မူတဲ့အခါ အင်းစိန်ရွာမဆရာတော်က မဟနဥက္ကဋ္ဌဖြစ်ရေး အကြီးအကျယ် ကြိုးစားဖူးပါတယ်။
ကမ္ဘာအေးတဝိုက်မှာ သိသိသာသာ မဲဆွယ်တဲ့အထိပါပဲ။
ဒါပေမဲ့ ဆရာတော်ကို ရွေးကောက်တင်မြှောက်ခြင်းမရှိဘဲ မဟနအတွက် အပြောင်းအလဲတစ်ခု ဖြစ်စေချင်လို့ အပြင်ကနေ ဗန်းမော်ဆရာတော်ကြီးကို ဆွဲခန့်လိုက်လို့ ဆရာတော်က မဟနကနေ လွှင့်စင်သွားရတာပါ။
မဟနဥက္ကဋ္ဌ ဖြစ်ခွင့်မရတော့ မဘသဥက္ကဋ္ဌ လုပ်ပြီး အစိုးရနဲ့ နီးကပ်အောင် ကြံဆောင်ကာ မဟနကို တိုက်ချင်တဲ့ သဘောထား ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
မဘသအဖွဲ့ ပေါ်ပေါက်လာတော့ မဟနဆရာတော်တို့က ဥက္ကဋ္ဌဆရာတော်ဟောင်း အဘိဓဇမဟာရဋ္ဌဂုရု ပဲခူးမြို့မဆရာတော်ဘဒန္တဣန္ဒာစာရနဲ့ အကျိုးတော်ဆောင်ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒန္တဝိစိတ္တသာရာဘိဝံသဆရာတော်
တို့ရဲ့ ညွှန်ကြားလွှာအမှတ်(၈၁)ကို ကိုးကားပြီး ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော် ဘဒန္တဂုဏာလကာင်္ရက မဘသလက်ဝေခံ ၉၆၉ နဲ့ သံဃာ့ကွန်ယက်တွေကို သြဝါဒခံယူဖို့ ဆင့်ခေါ်တောင်းခံခဲ့ပါသေးတယ်။
ဒါပေမဲ့ သိကြတဲ့အတိုင်းပါပဲ။
မဘသအဖွဲ့ဟာ ဦးအောင်သောင်းရဲ့
ထောက်ခံမှုကို ရရှိထားကြပြီး
ဦးအောင်သောင်းကတဆင့်
ဦးအံ့မောင်ကို ချဉ်းကပ်ကြပါတယ်။
ဦးအံ့မောင်ဆိုသူက သသနမှာ
မဟနဆရာတော်များကို ခြိမ်းခြောက်ပြီး
လက်မှတ်ထိုးခိုင်းလေ့ရှိသူ ဖြစ်တယ်။
ဒီတစ်ခါမှာလည်း မဘသတွေအပေါ် သက်ညှာဖို့ မဟနဆရာတော်များကို ဦးအံ့မောင် လျှောက်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် မဘသဟာ မဟနကို
ကိုယ်စားမပြုသလို
မြန်မာတနိုင်ငံလုံးရှိသံဃာထုကိုလည်း
ကိုယ်စားမပြုကြောင်း လူတွေ သိကြဖို့
လိုပါတယ်။
နောက်ပြီး ဖွတ်တွေနဲ့ အဓိကပတ်သက်နေသူကတော့ မစိုးရိမ်တိုက်က ဦးဝီရသူပါ။
ဆရာတော်က မစိုးရိမ်တိုက်ရဲ့ နာယကတစ်ပါးပါ။
တိုက်မှာ မဟာနာယက၊ နာယကဆိုပြီး ရှိပါတယ်။
အခြားတိုက်တွေမှာ မဟာနာယကလို့ သုံးတာ မရှိဘဲ နာယကဆရာတော်ဆိုရင် ပဓာနဆရာတော်ကြီးတွေကို ခေါ်ဝေါ်တာများပါတယ်။
အဲ့ဒီမှာပဲ မသိတဲ့ သံဃာအချို့နဲ့ လူအချို့က ဆရာတော်ဦးဝီရသူဟာ တစ်တိုက်လုံးရဲ့ ဆရာတော်ကြီးလို့ ထင်ကုန်ကြတာ ရှိတယ်။
အမှန်မှာ မစိုးရိမ်ရဲ့ နာယကဆိုတာ အခြားတိုက်တွေရဲ့ အုပ်ချုပ်မှုပုံစံနဲ့ဆိုရင် စာချဘုန်းကြီး၊ ကျောင်းဘုန်းကြီးအဆင့်သာ ရှိပါတယ်။
သကျသီဟပြီးရင်ပြီးချင်း ခန့်တဲ့အဆင့်ပါ။
ဒါကြောင့် ဆရာတော်ဦးဝီရသူဟာ
မြန်မာတနိုင်ငံလုံးရှိသံဃာထု၊
မန္တလေးတမြို့လုံးရှိသံဃာထုကို
မဆိုထားဘိ၊
မစိုးရိမ်တိုက်ထဲက သံဃာထုအားလုံးကိုတောင် ကိုယ်စားမပြုကြောင်း သိကြဖို့ လိုပါတယ်။
မိမိအနေနဲ့ ယုတ်စွအဆုံး ပြောရရင်
အခု မဘသအဖွဲ့က ဖွတ်တွေဘက်က
မဲဆွယ်ပေးနေတဲ့ကိစ္စဟာ
မဘသအဖွဲ့ဝင်သံဃာအားလုံးရဲ့
ဆန္ဒသဘောထားလည်း
မဟုတ်နိုင်ကြောင်းပါ။
ဒါကြောင့် မဘသနဲ့ ဆရာတော်ဦးဝီရသူကို ဝေဖန်တဲ့အခါ အခြားသံဃာများကို မထိခိုက်စေဖို့ ရှောင်ရှားကြစေလိုကြောင်း ခွင့်ပန်အပ်ပါတယ်။
ဒါကတော့
(ဒီမိုကရက်တစ် ရဟန်းတော်များအသံ)
ဆိုတဲ့pageကနေကူးလာတာပါ။
အထက်ပါဆရာတော်ပြောသလို
မ ဘ သနဲ့ဦးဝီရသူကိုတိုက်ခိုက်တဲ့အခါ
အခြားသံဃာများကိုမထိခိုက်စေပါနဲ့တဲ့။
ခက်တာကအရှင်ဘုရား
ငါးခုံးမတကောင်ကြောင့်
တလှေလုံးလည်းပုတ်ကုန်ပါပြီ။
အခုဟာက
သံဃာနဲ့ပြည်သူလည်းတိုက်ခိုက်
သံဃာအချင်းချင်းတွေလည်းတိုက်ခိုက်
ကြနဲ့
ဘုရားထားခဲ့တဲ့သာသနာ
ဘယ်သူဖျက်လိုပျက်မည်လဲ?
??
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment