Tuesday, September 22, 2015

ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ပိုမိုလက်ခံရန် အဆင့်သင့်ဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား ==============================================

ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ပိုမိုလက်ခံရန် အဆင့်သင့်ဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား
==============================================

ဘာလင် စက်တင်ဘာ ၂၁

အမေရိကန်ပြည်ထောင်စုသည် လာမည့်နှစ်နှစ်အတွင်း ဒုက္ခသည် အရေအတွက် ၁၅ဝဝဝ ပိုမိုလက်ခံမည်ဖြစ်ပြီး ၄င်းပမာဏသည် ၂ဝ၁၇ ခုနှစ်တွင် ဒုက္ခသည်အရေအတွက် စုစုပေါင်း ၁ဝဝဝဝဝ ရှိလာမည်ဖြစ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောခဲ့သည်။
ဥရောပသို့ အထူးသဖြင့် ဂျာမနီသို့ စီးဝင်လာသော ဒုက္ခသည်ပမာဏ နှင့် နှိုင်းယှဉ်လျှင် အမေရိကန်လက်ခံမည့် ဒုက္ခသည်အရေအတွက်ပမာဏမှာ နည်းနေသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ဒုက္ခသည်များအရေးကို ကူညီသည့် အပြုသဘောဆောင်သည့် စိတ်ထားကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားမှ နောက်ထပ် ဒုက္ခသည်အရေ အတွက်ပမာဏကိုမဖော်ပြဘဲ အမေရိကန်နိုင်ငံအနေဖြင့် ကူညီရန် အဆင်သင့် ရှိကြောင်း ဖော်ပြခဲ့သည်။
လွှတ်တော်နှင့်ညှိနှိုင်းတိုင်ပင်ရာတွင် တိုးတက်လာသော ဒုက္ခသည် အရေအတွက်ပမာဏအတွက် နည်းလမ်းများကို ဆက်လက်ရှာဖွေနေသလို နိုင်ငံ၏လုံခြုံရေးကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါတာစတိန်းမီယာနှင့်တွေ့ဆုံပြီးနောက် ဂျွန်ကယ်ရီက သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။
လိုအပ်ချက်မှာ များပြားနေကြောင်း၊ သို့သော်ကူညီရန် အဆင်သင့်ရှိ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။ ယခုသီတင်းပတ် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးသန့်ဆွေးနွေး ပွဲများတွင် ဆီးရီးယားစစ်ပွဲအဆုံးသတ်ရေးအတွက် နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်းအဖြေရှာမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။
ထို့ပြင် ဂျွန်ကယ်ရီသည် ဆီးရီးယားအရေးဆွေးနွေးရန် ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂီလာဗ်ရော့ဗ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာမက်ဒ်တရစ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

(ရိုက်တာ)



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: