Tuesday, September 15, 2015

ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ် တချို့ ရေးမြို့အနီး သေနတ်ပစ်ခံရ -------------------------------------- မွန်ပြည်နယ် ရေးမြို့နဲ့ လမိုင်း (မြို့နယ်ခွဲ) အကြားမှာ မနေ့ (စက်တင်ဘာလ ၁၄ ရက်) ညနေပိုင်းက ရန်ကုန်မြို့မှ ထားဝယ်မြို့ကို ထွက်ခွာလာတဲ့ ခရီးသည်တင်ယာဉ်လေးစီး၊ ကုန်တင်ကား တစ်စီးနဲ့ ဂျစ်ကား တစ်စီးတို့ သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ယာဉ်မောင်းတချို့နဲ့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ ထံမှ သိရပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ Lucky Star မှန်လုံယာဉ်ရဲ့ ယာဉ်မောင်းမျက်နှာမှာ သေနတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ခရီးသည် လင်မယားနှစ်ဦး မှန်ကွဲစရှခဲ့ကာ ရွှေပုလဲသီယာဉ်မှ ယာဉ်နောက်လိုက်ရဲ့ ပေါင်မှာလည်း သေနတ် ထိမှန်ခဲ့တယ်လို့ ယာဉ်မောင်းတချို့နဲ့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ထံမှ သိရပါတယ်။ (ဓာတ်ပုံ - ရဲထွဋ် / Dawei Watch)

No comments: