မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 17, 2015
ဖွင့်ချခံရတဲ့ ဂျိုးဇက်ဖစ်ရှာကိစ္စ ဗြိတိန်သံရုံးရှင်းရပြီ
===========================
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေးအကြံပေး ဂျိုးဇက်ဖစ်ရှာသည် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်ထိ ရန်ကုန်မြို့ ဗြိတိသျှသံရုံးတွင် ဒုတိယအတွင်းဝန် နှင့် သံရုံးပြောခွင့်ရ ပုဂ္ဂိုလ်အဖြစ်တာဝန် ထမ်းဆောင် ခဲ့ပြီးနောက် လစာမဲ့ခွင့်ယူ၍ ဒေါ်အောင်ဆန်းစုကြည်၏အကြံပေးတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် အင်ဒရူးပစ်ထရစ်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မစ္စတာဖစ်ရှာကို NLD ပါတီ၏ နိုင်ငံရေးလုပ်ဆောင်မှုများတွင် ဝင်မပါရဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လစာမဲ့ ခွင့်ပေးထားခြင်းဖြစ်ပြီး အွန်လိုင်းသတင်းများတွင် ဖော်ပြထားသလို၎င်း၏ လစာကို ဗြိတိသျှအစိုးရက ပေးထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ မစ္စတာဖစ်ရှာသည်ဗြိတိသျှအစိုးရ၏ ဝန်ထမ်းဖြစ်နေဆဲဖြစ်သော်လည်း စပိုင်ဟုတ်မဟုတ်ကိုမူ ဗြိတိသျှသံအမတ်က တစ်စုံတစ်ရာမှတ်ချက်ပေးခဲ့ခြင်းမရှိပါ။
အွန်လိုင်းသတင်းများတွင် မစ္စတာဖစ်ရှာသည် ဗြိတိသျှအစိုးရ၏ စပိုင်တစ်ယောက်ဖြစ်သည်ဟု ဆိုခြင်းကို NLD ပြောခွင့်ရ ဦးဝင်းထိန်က ငြင်းပယ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ဆေးရုံကြီးတိုးတက်ရေးအတွက် အလုပ်လုပ်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့အာဏာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment