Saturday, September 19, 2015

ကချင်ပြည်နယ် နေရာအနှံ့ ဒေသခံပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အင်အားတိုးမြင့်လာ ===========================

ကချင်ပြည်နယ် နေရာအနှံ့ ဒေသခံပြည်သူ့စစ် တပ်ဖွဲ့ဝင်များ အင်အားတိုးမြင့်လာ
========================================
18, September, 2015 By Kachin News

ကချင်ပြည်နယ်အတွင်း ဝေးလံသော ဒေသများ၊ ဖားကန့်၊ မိုးကောင်း၊ တနိုင်း၊ ဗန်းမော်၊ ၀ိုင်းမော်၊ ပန်ဝါ၊ ချီဖွေ၊ ဆော့လော် အစရှိသည့် ဒေသများတွင် KIA မှ ဒေသခံပြည်သူများအပေါ် ထင်ရာစိုင်းကာ ချယ်လှယ်နေခြင်းအပေါ် ဒေသခံပြည်သူများ သည်းခံနိုင်စွမ်း မရှိတော့သဖြင့် ဒေသခံပြည်သူအများစုမှာ တပ်မတော်နှင့်အတူလက်တွဲကာ တွန်းလှန်ရန်အတွက် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့အတွင်းသို့ ၀င်ရောက်ကာ အခြေခံစစ်ပညာများ သင်ကြားလျှက်ရှိကြောင်း ကြားသိရပါသည်။

“ဒါမျိုးအစောကြီးကတည်းက ဖြစ်သင့်တာ.. KIA က လုပ်ချင်တာလုပ်တိုင်း ခံနေရတဲ့ ဒေသခံတွေ တော်တော်များနေပြီဆိုတာပြတာပဲ.. ကြာတော့ သည်းမခံနိုင်ကြတော့ဘူး.. အမျိုးမျိုးနှိပ်စက်တာ ခံနေရတော့ ဘယ်သူမှ မကြည်တော့ဘူးလေ.. အခုဆိုရင် ပြည်သူ့စစ် အင်အားများလာပြီ.. ဒီကောင်တွေ ကိုယ့်အခြေအနေ ကိုယ်သဘောပေါက်သင့်တဲ့ အချိန်ရောက်ပြီလေ ” ဟု တနိုင်းမြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့ပါသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: