ကိုးရက်၊ ကိုးလ ၊ နံနက်ကိုးနာရီ ၊ ခေါင်းဆောင်ကိုးဦးနဲ့ မအောင်မြင်သေးတဲ့ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်လက်မှတ်ထိုးရေး
***********************************************************
စိုင်းထွန်းအောင်လွင်
သမ္မတနဲ့တိုင်းရင်းသားခေါင်းဆောင်ကိုးဦးတို့ရဲ့ စက်တင်ဘာ ၉ရက်နံနက် ၉နာရီမှာစခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကတော့ ပြီးသွားပါပြီ။ ခုလိုဓာတ်ရိုက်ဓာတ်ဆင်သဘောတရားနဲ့ နေ့ကောင်းရက်မြတ်ရွေးပြီးကျင်းပခဲ့သော်လည်း လက်မှတ် ရေးထိုးတဲ့အဆင့်ကရောက်မလာခဲ့ပါဘူး။ ငြိမ်းချမ်းရေးဖြစ် စဉ်ဆက်သွားနိုင်ငံရေးဆွေးနွေးဖို့နေနေသာသာ အစိုးရ သက်တမ်းကုန်ခါနီးအထိ အပစ်ရပ်ရေးအကြောင်းပဲ ဆက် ဆွေးနွေးရဦးမယ့်သဘောရှိပါတယ်။ အကြောင်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်မှာ အားလုံးပါဝင်ခွင့်ဆိုတဲ့မူနဲ့ သမ္မတရဲ့ အားလုံးပါဝင် ခွင့်ဆိုတဲ့မူကကွာဟနေခဲ့တာကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် လည်း အစိုးရဘက်ကလက်မှတ်ရေးထိုးဖို့အဖွဲ့ ၁၅ဖွဲ့သတ် မှတ်ထားပေမယ့် အခုထိလိပ်ခဲတည်းလည်း အခြေအနေမှာ ရှိနေဆဲဖြစ်နေတာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးခွင့်မရှိ သေးတဲ့အဖွဲ့ခြောက်ဖွဲ့ထဲက တအာင်း(ပလောင်)၊ အေ အေရခိုင့်တပ်မတော်၊ ကိုးကန့် MNDAA၊ LDU လားဟူ၊ WNO 'ဝ'အသေး ('ဝ'တပ်ဖွဲ့UWSAမဟုတ်)၊ ANC ရခိုင် အမျိုးသားကောင်စီတို့ကို အဆင့်ဆင့်အလိုက်အပစ်ရပ် လက်မှတ်မထိုးဘဲ ပါဝင်ခွင့်ပေးမယ်လို့ သမ္မတကဆိုလာပါ တယ်။ ဒါပေမဲ့လည်း အားလုံးတန်းတူတော့မဟုတ်ပါဘူး။ တအာင်း(ပလောင်)TNLA/PSLF အနေနဲ့ တစ်ဖွဲ့ချင်းစီ အလိုက်အစိုးရနဲ့ဆွေးနွေးပြီး အပစ်ရပ်လက်မှတ်ထိုးနိုင်ငံ ရေးဆွေးနွေးပွဲသွားဆိုတဲ့ပုံစံနဲ့သွားရမှာဖြစ်ပြီး အေအေ ရခိုင်ကိုတော့ အခြားရခိုင်အဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားကောင် စီ ANC နဲ့ပေါင်းရင်ပေါင်း ဒါမှမဟုတ် သူ့ရဲ့ဌာနချုပ်က လိုင်ဇာမှာရှိတဲ့အတွက် ကေအိုင်အေကချင်လွတ်မြောက် ရေးအဖွဲ့အောက်ကဝင်ပြီး ဆွေးနွေးဆိုတဲ့ပုံစံနဲ့ပါ။
တပ်ဖွဲ့ အလံသာရှိပြီး စစ်တပ်အင်အားစစ်အင်္ဂါစဉ်မရှိတဲ့အဖွဲ့ သုံးဖွဲ့ ဖြစ်တဲ့ ANC၊ WNO နဲ့ LDU လားဟူအဖွဲ့တွေကို အပစ်ရပ်လက်မှတ်ထိုးရာမှာပါဝင်စရာမလိုဘဲ နိုင်ငံရေး ဆွေးနွေးပွဲပေးတက်မယ်။ ကျန်တဲ့ကိုးကန့်အဖွဲ့ကိုတော့ သမ္မတရုံးကနေတိုက်ရိုက်ဆွေးနွေးပြီး အခြေအနေအပေါ် မူတည်ပြီး နိုင်ငံရေးဆွေးနွေးသင့်မသင့်ဆုံးဖြတ်ပေးသွား မယ်လို့ဆိုပါတယ်။ ဒါကလည်း သမ္မတဘက်ကနေ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ခွင့်အတွက် ချဉ်းကပ်ပေး တဲ့သဘောပါ။ သမ္မတဘက်ကတော့အဆင်ပြေရင် လာမယ့် အောက်တိုဘာလပထမပတ်အတွင်း လက်မှတ်ရေးထိုးချင် တယ်လို့ဆိုလာပါတယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ကိုးကန့်အဖွဲ့ကို လက်နက်ချမှနိုင်ငံရေးပေးဆွေးနွေးမယ် ဆိုတဲ့မူဝါဒမျိုးအစိုးရနဲ့တပ်မတော်ဘက်မှာရှိနေခဲ့တယ် လို့ဆိုကြပါတယ်။
ဒါကြောင့်လည်း စက်တင်ဘာ ၉ရက် ဆွေးနွေးပွဲက အဖြေမထွက်ခဲ့တာပါ။ ကေအင်န်ယူ ကရင် အမျိုးသားအစည်းအရုံး၊ ကေအိုင်အိုကချင်လွတ်မြောက် ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီုKNPP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP ၊ မွန်ပြည်သစ်ပါ တီ စတဲ့အဖွဲ့ငါးဖွဲ့က ထိပ်သီးခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကိုးဦးတက်ရောက်ခဲ့တဲ့ ဆွေး နွေးပွဲမှာကေအင်န်ယူ ကရင်အမျိုးသားအစည်းအရုံးတစ် ဖွဲ့ကပဲ လက်မှတ်ထိုးမယ်လို့အဖြေပေးနိုင်ခဲ့တာပါ။ တိုင်း ရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီရဲ့ဥက္ကဋ္ဌနဲ့ ကေအိုင်အိုဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်ချုပ်ကြီးအင်ဘန်လ ကတော့ ကေအိုင်အိုအနေနဲ့ အဆင်သင့်မဖြစ်သေးဘူး လို့ နေပြည်တော်ကအပြန် ရန်ကုန်အရောက်မှာတင်ပြော ခဲ့ပါတယ်။
'သမ္မတကသတ်မှတ်တဲ့ အောက်တိုဘာလပထမပတ် အတွင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကမ်း လှမ်းချက်ဟာ KIO အဖွဲ့အတွက်မဖြစ်နိုင်သေးကြောင်း၊ သမ္မတရဲ့ ကမ်းလှမ်းချက်ကိုဝမ်းသာကြောင်းနဲ့ လက်မခံ တာမဟုတ်ဘဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေး တာသာဖြစ်တယ်ဆိုတာ ကချင်တိုင်းရင်းသားတွေကို သိ ထားစေလိုကြောင်း' ဗိုလ်ချုပ်ကြီးအင်ဘန်လက စမ်းချောင်း မြို့နယ်က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ပြုလုပ်တဲ့ ကချင်လူထုတွေနဲ့တွေ့ဆုံပွဲမှာ ပြောပါတယ်။ ချုပ်ပြောရရင်တော့ အားလုံးပါဝင်မှ အပစ်ရပ်လက်မှတ်ထိုး မယ်လို့ဆိုထားတဲ့ ကေအိုင်အိုကချင်လွတ်မြောက်ရေးတပ် ဖွဲ့အနေနဲ့ ကိုးကန့်အဖွဲ့အပါအဝင် အဖွဲ့တချို့အတွက် အာမခံချက်မရှိသေးတာကြောင့် ဒီလိုငြင်းဆိုတာ ဖြစ်နိုင် တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။
နေပြည်တော်မှာ သမ္မတနဲ့လာတွေ့တဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက ကေ အင်န်ယူတစ်ဖွဲ့တည်းသာလက်မှတ်ထိုးဖို့ သေချာစေခဲ့ တယ်လို့ဆိုရမှာဖြစ်ပြီး တကယ်လို့လက်မှတ်ထိုးဖြစ်ခဲ့ရင် ခုနစ်ဖွဲ့တောင် ပြည့်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ် စရာဖြစ်လာခဲ့ပါတယ်။ 'ဝ'နဲ့မိုင်းလားလိုအဖွဲ့တွေကလည်း လက်မှတ်ထိုးဖြစ်မှာမဟုတ်ဘူးလို့ နဂိုကတည်းက ကြေညာ ထားတာကြောင့် ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆွေး နွေးနေတာကြာနေပြီဖြစ်ပေမယ့် အခုလိုဖြစ်နေရတာဟာ ယုံကြည်မှုသေသေချာချာမဆောက်နိုင်သေးတာကြောင့် နဲ့ အပစ်ရပ်ဖြစ်စဉ်အတွက် ချဉ်းကပ်ရာမှာ မူဝါဒတချို့ မှားယွင်းနေတာကြောင့်လို့ ဆိုကြပါတယ်။
တကယ်တော့ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ် ထိုးဖို့ အသင့်မဖြစ်သေးဘဲ ကျန်နေတဲ့အဖွဲ့တော်တော်များ များဟာ အရင်အစိုးရလက်ထက်တုန်းက အပစ်အခတ် ရပ်စဲဖူးတဲ့အဖွဲ့တွေများပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးခွင့်မရခဲ့သလိုအမျိုးသားညီလာခံနဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေဆိုတဲ့ကိစ္စမျိုး တွေနဲ့သာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီအဖွဲ့တွေအနေနဲ့ ခိုင်မာတဲ့အာမခံချက်တွေရဖို့တောင်း နေတာဖြစ်ပြီး သာမန်အပစ်ရပ်ရေးအတွက် နိုင်ငံရေးပြဿ နာရှာဖို့ အနာဂတ်ပြည်ထောင်စုအတွက်ပုံဖော်ဖို့ကြိုးစား နေတာလို့ မြန်မာ့အရေးလေ့လာသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်လစ်တနာက သုံးသပ်ပါတယ်။
''တိုင်းရင်းသားတွေက နိုင်ငံရဲ့အနာဂတ်အတွက် ပုံ ဖော်ဆွေးနွေးချင်ကြတာ။ လက်မှတ်မထိုးချင်ကြတာမဟုတ် ဘူး။ သူတို့နေထိုင်တဲ့ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဆွေး နွေးချင်ကြတာ။ ဥပမာအားဖြင့်ဖက်ဒရယ် ပြည်ထောင်စု ဖြစ်သင့်သလားဆိုတာတွေကို အဓိကထားတာပါ''လို့သုံး သပ်ပြောဆိုပါတယ်။
တကယ်တော့ အပစ်ရပ်စာချုပ်မှာ တို့တာဝန်အရေး သုံးပါးကိုရှေးရှု၍ အမျိုးသားတန်းတူအခွင့်အရေးအပြည့် အဝရှိသော ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့်အညီတည်ဆောက်ရန် ဆိုတာသဘောတူခဲ့ပြီးပါပြီ။ သဘောကတော့ အပစ်ရပ်ပြီး နိုင်ငံရေးမူဘောင်ဆွဲ အဲဒီနောက်ကျင်းပတဲ့နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆွေးနွေးဆိုတဲ့သဘောပါ။ ဒါပေမဲ့တိုင်း ရင်းသားတွေအနေနဲ့ သူတို့လိုချင်တဲ့အခြေခံဥပဒေပြင် ဆင်ခွင့်အတွက် အတားအဆီးတွေဆက်ဖြစ်လာမယ့် အ ရိပ်အယောင်တွေတွေ့နေရတဲ့အတွက်လည်း မယုံကြည်မှု တွေဆက်ဖြစ်နေရတာလို့ဆိုကြပါတယ်။
လတ်တလော စက်တင်ဘာ၃ရက်က နိုင်ငံပိုင်သတင်း စာတွေမှာ ထည့်သွင်းဖော်ပြခဲ့တဲ့ အခြေခံဥပဒေကာကွယ် ရေးမူကြမ်းလို ကိစ္စတွေက တိုင်းရင်းသားတွေအတွက် ပူ ပန်မှုကို မြင့်တက်စေပါတယ်။
''အန္တိမရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုရချင်တယ်။ အခုကလဲ အခြေခံဥပဒေအတွက် ကို ကာကွယ်ဖို့ ဥပဒေထွက်ဖို့ ပြင်နေတာတွေရှိတယ်၊ အဲ ဒီလိုထွက်လာရင် တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ ဖက် ဒရယ်ပြည်ထောင်စုတော်တော်ဝေးသွားမယ်ထင်တယ်''လို့ တိုင်းရင်းသားအရေးဆောင်ရွက်နေသူ ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်မှဦးခွန်ထွန်းဦးက ပြောပါတယ်။ လေ့လာ သူအချို့ကတော့ ကျင်းပပြီးစီးခဲ့တဲ့လွှတ်တော်အတွင်း အ ခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုတွေမှာ တိုင်းရင်းသား တွေနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ပုဒ်မတွေ ပြင်ဆင်နိုင်မှုမရှိတာကြောင့်လည်း တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့ အစိုးရတို့အကြားယုံကြည်မှုက ထင်သလောက် တိုးတက်မှုမရခဲ့တာလို့ဆိုကြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုတာက အခြေခံဥပဒေကိုပြင်ပြီး စုစည်းညီ ညွတ်မှုရှိမယ့်နိုင်ငံမျိုး၊ တန်းတူအခွင့်အရေးရှိမယ့် နိုင်ငံမျိုး ကို တည်ဆောက်လိုကြတဲ့အတွက်ဖြစ်တယ်လို့လည်း ဆို ကြပါတယ်။ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ ခရစ် ယာန်လို အခြားဘာသာတွေကို ကိုးကွယ်နေချိန်မှာ အမျိုး သားရေးနဲ့သက်ဆိုင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနေတာကလည်း တိုင်းရင်းသားအချို့အတွက် အထင်အမြင်လွဲမှားတဲ့ သံသ ယများဖြစ်လာနိုင်စေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်ဝင်းက ဆိုပါတယ်။
လွှတ်တော်မှာ ဆွေးနွေးကတည်းက တိုင်းရင်းသား ကိုယ်စားလှယ်အချို့ရဲ့ဆွေးနွေးမှုတွေမှာ အဲဒီစိုးရိမ်မှုတွေ ကိုတွေ့ရတယ်။ အခုလိုတိုင်းရင်းသားစည်းလုံးညီညွတ် ရေးအတွက်အထူးလိုအပ်နေချိန်နဲ့ ငြိမ်းချမ်းရေးတည် ဆောက်နေချိန်မှာ အဲဒီလို သံသယတွေရှိစေတာမကောင်း ပါဘူးလို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင် တွေအကြားချုပ်ဆိုခဲ့ပြီး ခေတ်သစ်မြန်မာနိုင်ငံကိုဖြစ်ပေါ် စေခဲ့တဲ့ ပင်လုံကတိကဝတ်မှာလည်း ဘာသာရေးကို အ ခြေမခံတဲ့ ပြည်ထောင်စုတည်ဆောက်ရန်ဆိုတဲ့အချက် ပါခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်သွင်းခဲ့တဲ့ ၁၉၄၇ခုနှစ်အခြေခံဥပဒေမူကြမ်းမှာလည်း ဘာသာရေး ကိုအခြေမခံတဲ့နိုင်ငံဆိုတဲ့ကိစ္စကပါဝင်ခဲ့ပါတယ်။ ပြည် တွင်းစစ်ခေတ်ဦးပိုင်းကာလက အချို့တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်ခဲ့တဲ့ အယူအ ဆကနိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် ပြဋ္ဌာန်းတာ နဲ့ပတ်သက်ခဲ့တယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင် အချို့ကပြောကြပါတယ်။
လတ်တလောအပစ်ရပ်စာချုပ် ထဲမှာလည်း နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရန် နိုင်ငံရေးနှင့်ဘာသာရေးရောယှက် ခြင်းမရှိသည့်နိုင်ငံတော်ကိုထူထောင်ရန်ဆိုသည့် အချက် ပါဝင်နေပါတယ်။ နောက်ပိုင်းနှစ်တွေအတွင်း တပ်မတော် နဲ့ တိုက်ပွဲအဖြစ်ဆုံး လက်နက်ကိုင်အဖွဲ့ကတော့ ကေအိုင် အိုဖြစ်ပြီး သူ့နောက်မှာ ကိုးကန့်၊ တအာင်းပလောင်၊ ရှမ်း ပြည်တိုးတက်ရေးပါတီ SSA/SSPP တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ အခုလက်ရှိအချိန်အထိ ပြန်ခြုံငုံသုံး သပ်ရမယ်ဆိုရင် အပစ်ရပ်လက်မှတ်ရေးထိုးဖို့ကြန့်ကြာ နေတဲ့ အဖွဲ့တွေက မြန်မာနိုင်ငံမြောက်ပိုင်းကအဖွဲ့တွေ ဖြစ်ပြီး တရုတ်နယ်စပ်ကအဖွဲ့တွေအများစုဖြစ်နေပါတယ်။ တချို့ကလည်း မြန်မာနိုင်ငံက အပစ်ရပ်ရေးနဲ့တိုင်းရင်း သားလက်နက်ကိုင်အရေးတွေမှာ ပထဝီနိုင်ငံရေးအရအား ပြိုင်မှုတွေမြင်တွေ့နေရတယ်လို့ဆိုကြပါတယ်။ ဥပမာ အားဖြင့် အစိုးရနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကို အီးယူ၊ နော်ဝေ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထောက် ခံမှု၊ ထောက်ပံ့မှုတွေပေးနေပြီး ယုံကြည်မှုအပြည့်ရှိနေ တာကိုဆိုလိုတာပါ။ ဘာတေးလ်လစ်တနာကတော့ အ နောက်နိုင်ငံတွေအနေနဲ့ ရှုပ်ထွေးလှတဲ့ တိုင်းရင်းသားအ ရေးတွေကို သေချာနားမလည်ဘဲ ဝင်ရောက်ပါဝင်နေတာ ဖြစ်တယ်လို့ဆိုပါတယ်။
''နိုင်ငံခြားသံတမန်အသိုင်းအဝိုင်းကလဲ ဒီသဘော တူညီချက်ကို လက်မှတ်ထိုးဖို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ဖိအားတွေအများကြီးပေးနေ တယ်။ အဲဒါကလုံးဝကိုရှက်စရာကောင်းတယ်လို့ ကျွန် တော်ထင်ပါတယ်။ ပထမဆုံးအနေနဲ့ပြောရင် ဒီလုပ်ငန်း စဉ်မှာ သူတို့ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပါဘူး။ သူ တို့အလုပ်မဟုတ်ပါဘူး။ နောက်ပြီးတော့ လက်တွေ့အခြေ အနေနဲ့ ရှုပ်ထွေးမှုကို သူတို့နားလည်တယ်လို့ ကျွန်တော် ကတော့မထင်ပါဘူး''လို့ ပြောပါတယ်။
ဆက်လက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတွေ ကလည်း ပါဝင်နေတာက ပိုစိုးရိမ်စရာကောင်းတယ်လို့ လည်း ဆိုပါတယ်။
''ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခုလုံးက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာပါဝင်နေတာ ဒါက ပထမဆုံးအ ကြိမ်ဖြစ်ပါတယ်။ ဒီကိစ္စတစ်ခုလုံးမှာ စိတ်ဝင်စားမှုအရှိ ဆုံးက တရုတ်နိုင်ငံပါ။ အမှန်တကယ်တော့သူတို့ကတခြား နိုင်ငံတွေထက် ပိုကောက်ကျစ်ပါတယ်။ သူတို့ဘာလိုချင် သလိုဆိုတာ သူတို့သိတယ်။ တစ်ချိန်တည်းမှာပဲ ကွဲပြား ခြားနားတဲ့ကစားပွဲအမြောက်အမြားကို ကစားနေပါတယ်''လို့ ဘာတေးလစ်တနာက ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ကိုးကန့်အဖွဲ့ကို ပါဝင်လက်မှတ် ထိုးခွင့်အတွက် တွန်းအားပေးနေတဲ့ ကိစ္စမျိုးတွေလည်း ရှိနေပြီး ကိုးကန့်စစ်ပွဲကြောင့် သူ့နိုင်ငံထဲမှာလည်း သောင်း နဲ့ချီတဲ့ ဒုက္ခသည်တွေလက်ခံထားရပါတယ်။ ကိုးကန့်အ ရေးနဲ့ ပတ်သက်လို့တော့ အစိုးရတပ်မတော် ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကပါ မူဝါဒမှားယွင်း တဲ့အတွက် အပစ်ရပ်ရေးဖြစ်စဉ်က ခုလိုဖြစ်နေရတာလို့ ဆိုပါတယ်။ မြန်မာ့အရေးလေ့လာသူ ယူနန်တက္ကသိုလ် ကပါမောက္ခလီချန်ယန်း(Li Chenyang) တည်းဖြတ်တဲ့ စာအုပ်တစ်အုပ်မှာ အခု'ဝ'ဒေသ၊ နယ်စပ်ဒေသက တိုင်း ရင်းသားခေါင်းဆောင်တွေကို တစ်စုံတစ်ရာတည်ငြိမ်လို့၊ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခင်အထိ၊ ဒေသဆိုင်ရာခေါင်း ဆောင်များအဖြစ် တရုတ်ဘက်ကသဘောထားဆက်ဆံ တယ်လို့ ဖော်ပြထားတာဖတ်ဖူးပါတယ်။ တရုတ်ဘက်က တော့ သူတို့ဆီကတဲ့ဟုန်တိုင်းတို့၊ ယူနန်ပြည်နယ်တို့၊ ဆစ် ဆောင်ပနားပြည်နယ်တို့ကလို ကိုယ်ပိုင်အုပ်ချုပ်ရေးအ ဆင့်မျိုးပေးတာလို၊ မြန်မာပြည်က တိုင်းရင်းသားတွေလည်း တစ်စုံတစ်ရာကိုယ်ပိုင်အုပ်ချုပ်ရေးပေးသင့်တယ်လို့ မြင် ကြပါတယ်။
စာရေးသူ ပန်ဆန်းညီလာခံကို သွားရောက် သတင်းရယူစဉ်ကလည်း လေ့လာသူအဖြစ်လာခဲ့တဲ့ ယူ နန်အစိုးရရဲ့ အကြံပေးတစ်ဦးကလည်း တိုင်းရင်းသားအ ရေး အဓိကထားရေးတဲ့စာရေးသူကို သူတို့ဆီကဆစ် ဆောင်ပဏ္ဏားတို့လို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရင် မြန်မာ နိုင်ငံငြိမ်းချမ်းရေးရနိုင်လားဆိုပြီးတော့ မေးမြန်းခဲ့ဖူးပါ တယ်။ လတ်တလော စက်တင်ဘာ ၄ရက်က ထုတ်ပြန်ခဲ့တဲ့ UWSA တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ အပစ်ရပ်ဖြစ်စဉ် မှာ အနောက်နိုင်ငံတွေက ပါဝင်ပတ်သက်နေတာကြောင့် ယူနန်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခနဲ့ မပတ် သက်ဖို့ 'ဝ'ကို သတိပေးထားတဲ့အတွက် အပစ်ရပ်စာချုပ်မှာ ပါဝင်လိုက်ရင် အနောက်နဲ့ဆက်ဆံသလိုဖြစ်မှာစိုးရိမ်တယ် လို့လည်းပါရှိပါတယ်။ အင်အားအကြီးဆုံးလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့'ဝ'အနေနဲ့လည်း သူ့ရဲ့မဟာမိတ်ဟောင်းတွေ ဖြစ်တဲ့ ကိုးကန့်အပါအဝင် တခြားအဖွဲ့တွေကို ဘာကြောင့် အပစ်အခတ်ရပ်စဲရေးမှာ ထည့်သွင်းလက်မခံတာလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
ကေအိုင်အိုအနေနဲ့လည်း ကိုး ကန့်လိုအဖွဲ့ကိုဆွဲခေါ်နေတာဟာ UNFC တပ်ပေါင်းစုမှာ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားအဖွဲ့အားလုံးကို ဦးဆောင် နေတာရော တစ်ဖက်ကလည်း စစ်ရေးအရတဘက်သတ်မခံ ရအောင်လို့ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုကြပါ တယ်။ ကိုးကန့်မှာ တိုက်ပွဲဖြစ်တော့ ကချင်ဒေသမှာက ထိုးစစ်သက်သာတယ်လေ။ ဒါပေမဲ့ ကိုးကန့်အရေးနဲ့ပတ် သက်လို့ အစိုးရတပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ ချဉ်းကပ်မှုအရမှားတဲ့အ ချက်တွေတော့ရှိနေခဲ့တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာ သူဦးသန်းစိုးနိုင်က ဆိုပါတယ်။
လေ့လာသူတွေကတော့ အပစ်ရပ်ရေးဖြစ်စဉ်မှာ ရှုပ် ထွေးမှုတွေ များစွာရှိလာချိန်မှာ တကယ်ငြိမ်းချမ်းလိုစိတ် တိုင်းရင်းသားအခွင့်အရေးပေးလိုစိတ်နဲ့ဆောင်ရွက်သင့် တယ်လို့ မှတ်ချက်ပြုကြပါတယ်။
''မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကကြာနေပြီ။ တစ် ပြည်ထောင်စနစ်က အလုပ်မဖြစ်ခဲ့တာထင်ရှားနေပါတယ်။ ဒါကြောင့် တခြားတစ်ခုကို ကြိုးစားကြည့်ရပါတော့မယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် တိုင်း ရင်းသားလူမျိုးစုတွေအားလုံးအခွင့်အရေးရရှိပြီးတော့ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဘာသာစကားကိုလေးစားမှုရှိတဲ့ ဖွဲ့စည်းတည်ဆောက်မှုမျိုးအပြင် ကျွန်တော် တခြားနည်း လမ်းမမြင်ပါဘူး။ အဲဒါက ဖက်ဒရယ်စနစ်မျိုးမှာပဲ ဖြစ်ပါ လိမ့်မယ်''လို့ဘာတေးလစ်တနာကပြောပါတယ်။
တချို့ကလည်း နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မတူဘဲ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာဖြစ်နေပြီး ထု ထည်ကြီးမားတဲ့ အပစ်ရပ်ရေးဖြစ်စဉ်ကို တက်သုတ်ရိုက်အ ကောင်အထည်ဖော်ရတာဟာစိန်ခေါ်မူရှိတယ်လို့ဆိုကြ တဲ့အတွက် ရပ်မနေဘဲဆက်သွားနေရင်တောင်မဆိုးဘူး လို့ဆိုကြပါတယ်။ တစ်ချိန်တည်းမှာလည်း အစိုးရကတော့ သူ့အစိုးရလက်ထက်မှာပဲ အပြီးလက်မှတ်ထိုးချင်နေပါ တယ်။
အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်ပါ။ ကျွန်တော့်အမြင်က တော့ ဆက်လုပ်လို့ရပါတယ်။ အပစ်ရပ်ရေးအတွက်ရော ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ဆိုလိုတာပါ။ ဒါပေမဲ့ နှစ်နဲ့ချီ အချိန်ယူဆက်လုပ်ရပါဦးမယ်။ အရေးကြီးဆုံးက ဆက် လုပ်ချင်တဲ့စိတ်ရှိဖို့လိုတာပါ။ အရေးကြီးဆုံးကဖြစ်စဉ်က ဆက်နေဖို့လိုတာပါလို့ မကြာသေးခင်က မှ မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ စာတမ်းပြုစုနေတဲ့ အမေရိကန်ပြည်ထောင် စုတက္ကဆက်တက္ကသိုလ်မှ ပါမောက္ခ ဇိုလ်တန်ဘရန်နီက မှတ်ချက်ပြုပြောဆိုပါတယ်။
#YangonTimesJournal
https://plus.google.com/b/102764999437068870042/
http://www.yangonmedia.com/
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment