နှစ်ယောက်လျော့ အာဆင်နယ် လန်ဒန်ဒါဘီတွင် ရှုံးပွဲကြုံတွေ့
ပရီးမီးယားလိဂ်ပွဲစဉ်(၆)၏ Match of the Week ပွဲစဉ်ဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ လန်ဒန်ဒါဘီတွေ့ဆုံမှုတွင် အာဆင်နယ်အသင်းမှာ ကစားသမားနှစ်ယောက်အထိ အထုတ်ခံရပြီး အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့် အရေးနိမ့်သွားခဲ့သည်။ ပထမပိုင်းပြီးခါနီး ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်တို့ အချင်းများပြီးနောက် ဂါဘရီယဲလ်မှ ဥပဒေပြင်ပပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု ကွင်းလယ်ဒိုင်လူကြီးမှ ဆုံးဖြတ်ကာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပြီး (၇၈)မိနစ်တွင် ဖာဘရီဂတ်စ်ကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့သည့် အာဆင်နယ်ကွင်းလယ်လူ ကာဇိုလာမှာလည်း နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ ချယ်လ်ဆီးအသင်းအ တွက်ဂိုးများကို နောက်ခံလူ ဇူးမားက (၅၃)မိနစ်နှင့် ဟာဇက်က (၉၁)မိနစ်များ တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
Photos:AFP
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment