မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်၊ နှစ်ဦးသေ ===============================
အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်၊ နှစ်ဦးသေ
===============================
တောင်ငူ သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ရန်ကုန်မှ ထွက်ခွာလာသည့် လင်ခရူဆာ အမျိုး အစား အိမ်စီးယာဉ်တစ်စီး သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခန့်က ဘီးပေါက်ပြီး တိမ်းမှောက်ရာမှ ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ တောင်ငူပြည်သူ့ ဆေးရုံကြီး၌ ကုသမှုခံယူကာ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ မရှိ ကြောင်း တောင်ငူဆေးရုံကြီးမှ သိရ သည်။ သေဆုံးသူမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်နေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အထွေထွေမန်နေဂျာ ဦးဆွေမြင့်နှင့် အဆိုပါကုမ္ပဏီတစ်ခု တည်းမှ စာရင်းကိုင်တစ်ဦးဖြစ်သူ မသွယ်သွယ်မြင့်ဆိုသူဖြစ်ပြီး ယာဉ် မောင်းဖြစ်သူ ဦးသန့်ဇော်ထွန်းမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် တောင်ငူဆေးရုံကြီး၌ ကုသမှုခံယူနေ ရကြောင်း တောင်ငူမြို့နယ် ဇီးပင် သာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ သိရ သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်း တောင်ငူ ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်း ဦးသန့်ဇော်ထွန်းကို အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သူရ(တောင်ငူ) အမြန်လမ်းမကြီး၌ ယာဉ်တိမ်းမှောက်၊ နှစ်ဦးသေ
===============================
တောင်ငူ သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉ တွင် ရန်ကုန်မှ ထွက်ခွာလာသည့် လင်ခရူဆာ အမျိုး အစား အိမ်စီးယာဉ်တစ်စီး သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခန့်က ဘီးပေါက်ပြီး တိမ်းမှောက်ရာမှ ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ တောင်ငူပြည်သူ့ ဆေးရုံကြီး၌ ကုသမှုခံယူကာ ဒဏ်ရာ အခြေအနေမှာ စိုးရိမ်စရာ မရှိ ကြောင်း တောင်ငူဆေးရုံကြီးမှ သိရ သည်။ သေဆုံးသူမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်နေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အထွေထွေမန်နေဂျာ ဦးဆွေမြင့်နှင့် အဆိုပါကုမ္ပဏီတစ်ခု တည်းမှ စာရင်းကိုင်တစ်ဦးဖြစ်သူ မသွယ်သွယ်မြင့်ဆိုသူဖြစ်ပြီး ယာဉ် မောင်းဖြစ်သူ ဦးသန့်ဇော်ထွန်းမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် တောင်ငူဆေးရုံကြီး၌ ကုသမှုခံယူနေ ရကြောင်း တောင်ငူမြို့နယ် ဇီးပင် သာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ သိရ သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်း တောင်ငူ ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်း ဦးသန့်ဇော်ထွန်းကို အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ သူရ(တောင်ငူ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment