ခါကာဘိုရာဇီတောင်ပိုင်း တိုးချဲ့ဒေသကို သဘာဝနယ်မြေအဖြစ် သတ်မှတ်မယ်
---------------------------------------
ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း တိုးချဲ့ဒေသကို သဘာဝနယ်မြေ အဖြစ် ဖွဲ့စည်းသတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီဌာနထံမှ သိရပါတယ်။
ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် မြောက်ဖျား ဆက်စပ် သစ်တောဒေသကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ UNESCO နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခါကာဘိုရာဇီ တောင်ပိုင်းတိုးချဲ့ ဒေသကိုပါ သဘာဝနယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းဖို့အတွက် ကွင်းဆင်းလေ့လာ ဆောင်ရွက်မယ်လို့ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ထံမှ သိရပါတယ်။
အဲ့ဒီတောင်ပိုင်းတိုးချဲ့ဒေသကို သဘာဝနယ်မြေအဖြစ် သတ်မှတ်မယ်ဆိုရင် ကြေးတိုင် (၁-၅) လုပ်ထုံးလုပ်နည်း တွေအရ ကြာမြင့်နိုင်တာကြောင့် မြို့ရွာတွေကို ချန်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ လွှတ်တော်နဲ့ ဒေသခံတို့ရဲ့ သဘောတူညီချက်နဲ့ စီမံအုပ်ချုပ်မယ့် ဧရိယာကိုပဲ သဘာဝနယ်မြေအဖြစ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အဲ့ဒီဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။
အဲ့ဒါကြောင့် တောင်ပိုင်းတိုးချဲ့ ဒေသမှာရှိတဲ့ မြို့ရွာတွေကို ချန်ခဲ့ပြီး GIS နည်းပညာနဲ့ ဧရိယာ ခန့်မှန်းတွက်ချက်ခဲ့ရာ အဲ့ဒီဧရိယာအတွင်း နောင်မွန်းမြို့နယ်နဲ့ မချမ်းဘောမြို့နယ် တို့မှာရှိတဲ့ ထီခကြိုးပြင် ကာကွယ်တောနဲ့ အပတောတို့ ပါဝင်တယ်လို့ သစ်တောဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ခါကာဘိုရာဇီတောင်ပိုင်း တိုးချဲ့ဒေသကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်နိုင်ဖို့ ဒေသခံတွေကို တိုးချဲ့ပညာပေးရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အချက်အလက်တွေ စုဆောင်းဖို့ ကွင်းဆင်း သုတေသနလုပ်ငန်းတွေကို သစ်တောဦးစီးဌာန၊ UNESCO တက္ကသိုလ်တွေနဲ့ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment