မြန်မာနိုင်ငံ၌ ပထမဦးဆုံး ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းသင်တန်းကျောင်း ကြီး ပေါ်ထွက်လာတော့မည်
မြန်မာခြင်းလုံးဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်များပေါ်ထွန်းစေရန် ပထမဦးဆုံး ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်းသင်တန်းကျောင်း ကြီးကို မကြာမီ စတင်အကောင်အထည်ဖော် တည်ဆောက်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းကြီးကို မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ ချုပ်က အကုန်အကျခံကာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် လေယာဉ်ကွင်း အနီးနှင့် အဝေးပြေး လမ်းမကြီးဘေး၌ တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော့်အနေနဲ့ ဒီသင်တန်းကျောင်း ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက် ကတော့ မြန်မာ့အားကစားဟာ နှစ်ပေါင်း ၅ဝ လောက် မှာ အာရှထိပ်တန်း အဆင့်ထိရှိခဲ့တယ်။ အခု နောက်ပိုင်း ထိပ်တန်းအဆင့်နဲ့ ဝေးကွာသွား တဲ့ အကြောင်းရင်းကို သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်တို့ဆီမှာ မျိုးဆက်သစ် မွေးထုတ် ပေးမှုအားနည်းတယ်။ ထွက်လာတဲ့ မျိုးဆက် သစ်ကိုလည်း အာမခံ ချက်ပေးနိုင်ဖို့လိုတယ်။ အခြားနိုင်ငံတွေကိုကြည့်ရင် သိနိုင်တယ်။ အခုဆိုရင် ရိုးရာခြင်းလုံးကို အာရှအဆင့်အထိ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီ။ အဲဒီ အောင်မြင်မှုကို ဆက်လက် သယ်ဆောင် နိုင်ဖို့ အတွက်က မျိုးဆက်သစ်လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ မျိုးဆက်သစ်က အားကစား မှမဟုတ်ဘူး။ ဘက်ပေါင်းစုံက လိုအပ်တာ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်ကိုင်တွယ်တဲ့ ဒီခြင်းလုံးဘက်က မျိုးဆက် သစ်ကို တိုင်းပြည်အတွက် အတတ်နိုင်ဆုံး မွေးထုတ်ပေးသွားမှာဖြစ်တယ်'' ဟု မြန်မာ နိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က ခြင်းလုံးနှင့် ပိုက်ကျော်ခြင်းသင်တန်းကျောင်း ကို ပထမဦးတည်ဆောက် အကောင် အထည် ဖော်မှုနှင့်ပတ်သက်၍ ပြောပြသည်။
ယခုအခါ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ပေါ်ပေါက်လာမည့် ခြင်းလုံးနှင့် ပိုက်ကျော် ခြင်း သင်တန်းကျောင်း တည်ဆောက်အကောင် အထည်ဖော်ရန် အတွက် သက်ဆိုင်ရာသို့ တင်ပြထားပြီး ခွင့်ပြုချက်ကျလာပါက လာမည့်ဒီဇင် ဘာလတွင် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ သင်တန်းကျောင်းကို တံတားဦးမြို့နယ် လေယာဉ်ကွင်း အနီးရှိ မြေလေး ဧကပေါ်၌ တည်ဆောက်သွားမည်ဖြစ်သည်။ ထို့အတူ ယင်းဧရိယာဝင်းအတွင်း သင်တန်းကျောင်း ကို အထောက်အကူပြုနိုင်မည့် ဟိုတယ်နှင့် စားသောက် ဆိုင်များကိုလည်း ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
''ဒီသင်တန်းကျောင်းကို ကျွန်တော့် တစ်သက်သာမက နောင် လာနောက်သား တွေ လက်ဆင့်ကမ်းလွှဲပြောင်းနိုင်ဖို့အထိ ရည်ရွယ် လုပ်ဆောင်သွားမှာပါ။ အဲဒီအတွက် စိတ်ကူးထားတာကတော့ ဒီဝင်းထဲမှာ သင်တန်းကျောင်းတွေဆောက်မယ်။ ပြီးတော့ သင်တန်းသားတွေအတွက် အကူအညီ အထောက်အပံ့ဖြစ်စေမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေလည်း တည်ဆောက်သွား မယ်။ အဲဒီကရတဲ့ ဝင်ငွေတွေကို သင်တန်း သားတွေ အတွက် ဘက်စုံသုံးအဖြစ် အသုံးပြု သွားမှာဖြစ်ပါတယ်။ ဒါမှ ဒီသင်တန်းကျောင်း က ရေရှည်ရပ်တည်နိုင်ပြီး နောင် လာ နောက်သားတွေ အထိ လက်ဆင့်ကမ်းသယ်ဆောင်နိုင်မှာဖြစ်ပါတယ်'' ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုသည်။
အဆိုပါသင်တန်းကျောင်းမှ နိုင်ငံတစ်ဝန်း ရိုးရာခြင်းလုံးနှင့် ပိုက်ကျော်ခြင်း မျိုးဆက်သစ် များ ပေါ်ထွန်းစေရေးအတွက် အကောင် အထည်ဖော် တည်ဆောက်ပြီး ကနဦးနှစ်တွင် သင်တန်းသား ၅ဝ ကို စတင်လက်ခံမည်ဖြစ် ကာ နောက်နှစ်၊ နောက်နှစ်များတွင် နှစ်စဉ် မျိုးဆက်သစ် ၁ဝဝ ကို မွေး ထုတ်ပေးသွား မည်ဖြစ်သည်။ မျိုးဆက်သစ်မွေးမြူရာ တွင်လည်း ရိုးရာခြင်း လုံးအတွက် ပြည်တွင်းမှ ခြင်းလုံးဆရာကြီးများကို နည်းပြများအဖြစ် ခန့်အပ် သွားမည်ဖြစ်သည့်အပြင် ပိုက်ကျော် ခြင်းအတွက်လည်း အရှေ့တောင်အာရှ၌ ထိပ်တန်းအဆင့်ရှိသည့် ထိုင်းနိုင်ငံမှ နည်းပြ များကို ခေါ်ယူ သွားမည်ဖြစ်ကြောင်း သိရ သည်။
ရိုးရာခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါသင်တန်းကျောင်းကြီးကို ခွင့်ပြုမိန့် ကျပြီး တစ်နှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကာ ကုန်ကျစရိတ်ငွေကျပ် သိန်းပေါင်း ၅ဝဝဝ ကျော်သုံးစွဲရန် လျာထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံအနေနဲ့ ရှေးယခင်ကတည်း ကမရှိခဲ့တဲ့ အခုလို ခြင်းလုံး သင်တန်းကျောင်း ကြီးကို ဥက္ကဋ္ဌအနေနဲ့ တည်ဆောက်အကောင် အထည်ဖော်ပေးမယ်ဆိုတော့ ကျွန်တော် အတိုင်းမသိ ဝမ်းသာပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ အသက်မှာ ခြင်းလုံးသမိုင်းမှတ်တိုင် စိုက်ထူ နိုင်ခဲ့ တာလို့ ပြောရမှာပါ။ အခုလည်း ရိုးရာ ခြင်းလုံးကို ဆီးဂိမ်းပြိုင်ပွဲတွေ ပါဝင်ခွင့်ရရုံ မက၊ အာရှနိုင်ငံတွေအထိပါ ပျံ့နှံ့အောင်ထိုး ဖောက်နိုင်ခဲ့တာ၊ ပထမဆုံး သမိုင်းသစ် တစ်ရပ်ကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ခြင်းလုံး ဝါသနာရှင်တွေအနေနဲ့ကတော့ ပြောမပြတတ်အောင်ကိုပဲ ဒီသင်တန်းကျောင်းကြီး အောင်အောင် မြင်မြင် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်''ဟု ရိုးရာခြင်းပညာရှင် ဦးမြင့်သိန်းက သင်တန်းကျောင်းနှင့်ပတ်သက်၍ ¤င်း၏အမြင်ကို ဖွင့်ဆိုခဲ့သည်။
ရှေးဘုရင်မင်းများလက်ထက်ကတည်းက အစပြုတည်ရှိခဲ့သည့် မြန်မာ့ ရိုးရာခြင်းလုံး အားကစားသည် ယနေ့အခါတွင် အရှေ့ တောင် အာရှနိုင်ငံများ သာမက အာရှနိုင်ငံများ အထိပါ ထိုးဖောက်အောင်နိုင်ခဲ့ပြီဖြစ်သည်။
များမကြာမီ ဒီဇင်ဘာလတွင်လည်း နိုင်ငံ တစ်ဝန်း ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲကြီးနှင့် ကမ္ဘာ့ နိုင်ငံတချို့ကပါ စိတ်ဝင်တစားဝင်ရောက်ယှဉ် ပြိုင်မည့် အာရှနိုင်ငံများ ရိုးရာ ခြင်းလုံးခတ် ပြိုင်ပွဲကြီးကို နေပြည်တော်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ယခုအခါ နှစ်ပေါင်းရှည်ကြာစွာ ငုပ်လျှိုးခဲ့ သည့် ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲများ သည် ကာလတိုအတွင်း အရှိန်အဟုန်မြှင့်ကာ အနောက် ဥရောပနိုင်ငံအချို့ထိပါ စိမ့်ဝင် စပြုနေပြီဖြစ် သည်။
ပေါ်ထွက်လာတော့မည့် သင်တန်း ကျောင်းနှင့်ပတ်သက်၍ ခြင်းလုံးမျိုးဆက်သစ် ဝါသနာရှင်တစ်ဦးဖြစ်သည့် တာမွေမြို့နယ်မှ မောင်ကောင်းပြည့်စုံကလည်း ''ခြင်းလုံး သင်တန်းကျောင်းကြီး ပေါ်ထွက်လာမယ် ဆိုရင် မြန်မာ့ရိုးရာခြင်းလုံးနဲ့ ပိုက်ကျော်ခြင်း ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း အဆင့်ကို အချိန်တို အတွင်း ပြန်လည်ရောက် လာနိုင်တယ်။ နောက်ပြီး ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို သင်တန်းကျောင်းရှိဖို့လိုသလို သတ်သတ်မှတ်မှတ် ကစား ကွင်းလေးတွေ လည်း ရှိဖို့လိုမယ်ထင်တယ်။ ခုတော့ဘောလုံး ဆိုလည်း လမ်းပေါ်ကန်၊ ခြင်းဆိုလည်း လမ်းဘေးခတ်နဲ့ ဖြစ်သလိုကစားနေကြရတာ။ အဲဒီလိုသင်တန်ကျောင်း များများပေါ်လာဖို့ ကျွန်တော်မျှော်လင့်တယ်''ဟု ဆိုသည်။
မြန်မာ့ရိုးရာ အားကစားနည်းများတွင် တစ်ခုဖြစ်သော ခြင်းခတ်အားကစားနည်း သည် ပြီးခဲ့သည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်း တွင် ပါဝင်နိုင်ခဲ့ခြင်းကြောင့် မျိုးဆက်သစ် လူငယ်များကြား တစ်ဟုန်ထိုးပျံ့နှံ့လျက် ရှိသည်။ သို့သော် အသင်းအဖွဲ့အနေဖြင့် ခွန်အားတစ်ရပ်ကို မပြနိုင်သေးပေ။ အကြောင်းရင်းမှာ ဦးဆောင်လမ်းပြနိုင်မည့် သင်တန်းကျောင်းကဲ့သို့ လမ်းပြကြယ် မရှိသေးပေ။ ယခုကဲ့သို့ လမ်းပြကြယ်ဖြစ်သည့် သင်တန်ကျောင်းကြီး ပေါ်ထွက်လာတော့ မည်ဖြစ်သဖြင့် ရိုးရာခြင်းလုံး မျိုးဆက်သစ် များ၏ အနာဂတ်မှာ အောင်နိုင်မှု ဆုတံဆိပ်များနှင့် ဝေဆာနေတော့မည် ဖြစ်ပေသည်။
သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment