မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 14, 2015
“အခု NLD မှာလည်း အမတ်ရွေးပွဲမှာ အ၀င်လိုင်း၊ အပေးလိုင်းတွေရှိနေပြီဆိုတဲ့ သတင်းကြားတယ်”

Messenger : အခု NLD ဖြစ်နေတဲ့ ကိုယ်စားလှယ်လောင်းပြဿနာတွေက ဘာတွေကြောင့် ဖြစ်နေတာလဲ၊ တစ်ချိန်က NLD ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦး အနေနဲ့ လုပ်ခဲ့ဘူးတော့
UTN : NLD ဆိုတာ ကျွန်တော်တို့ရှိတုန်းကရော ခုချိန်ထိရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်က အဓိကပဲလေ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ဗဟိုဦးစီးအဖွဲ့ဝင် (၇၀)ကျော်လောက် သဘောတူထားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ဦးဥာဏ်ဝင်းကနေ တစ်ဆင့် NLD ရွေးကောက်ပွဲကို သဘောမတူဘူးလို့ VOA မှာ ပြောလိုက်တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲမ၀င်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ပါတီပဲ။ နောက်ကျွန်တော်၊ ကွယ်လွန်သွားတဲ့ ဒေါက်တာသန်းငြိမ်း၊ ကိုခင်မောင်ဆွေ၊ ဒေါက်တာဝင်းနိုင်၊ ကျွန်တော်တို့ လေးဦးကပဲ ရွေးကောက်ပွဲဝင်သင့်တယ်ဆိုပြီး ရပ်ခဲ့တာပဲ။ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးတောင် NLD မှာ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်တဲ့အတိုင်း ဖြစ်ခဲ့တာပဲ။ ဗဟိုဦးစီးအချို့ငိုကြတဲ့အထိပဲလေ။ အခု ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးတာလည်း ဘာအဖွဲ့ဘာပညာရှင်တို့၊ ဘာဗဟိုကော်မတီတို့ပြောပြော NLD ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ပါးစပ်အပေါ်မှာ မူတည်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပါ။ အဲဒီတော့ သူကြိုက်ရင်ဖြစ်မှာပေါ့၊ မကြိုက်ရင်မဖြစ်ဘူးပေါ့။
Messenger : အခုဆိုရင် နိုင်ငံရေးဆောင်းပါးတွေ ရေးနေတဲ့ ဒေါက်တာရန်မျိုးသိမ်းဆို ကိုယ်စားလှယ် ရွေးချယ်မှုကို တော်တော်လေး ဝေဖန်နေတယ်။ အပြင်က စွမ်းဆောင်နိုင်တဲ့ လူတွေဝင်လာရင်အထဲက အချို့လူတွေက သူတို့ရဲ့ ဖြစ်တည်မှုတွေကို ထိခိုက်မှာစိုးလို့ အုပ်စုဖွဲ့ကျူးလွန်တယ်လို့ ပြောနေတဲ့သူတွေလည်း ရှိနေတယ်။ အခု NLD မှာက ဦးသိန်းညွှန့်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေသေးတယ်ဆိုတော့ ဘယ်လိုမြင်လဲ။
UTN : ကျွန်တော်တို့ လက်ထက်ကတည်းက အဖွဲ့ချုပ်မှာ တကယ် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပေးဆပ်နိုင်ငံရေး လုပ်တဲ့သူရှိသူလို အစိုးရဌာနက လာကတည်းက ဆွဲချကလာတဲ့ သူတွေလည်းပါတာပဲ။ လူဆိုတာ ဥာဉ်မပျောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနားရောက်ရင် အရေးပါတာပါ။ ကျွန်တော်တို့က CEC အရ ပါဝင်ခဲ့ပေမယ့် မူအရပြောခဲ့တယ်။ NLD မှာ စပါတဲ့သူတွေက နည်းနေပြီ။ အခု NLD မှာလည်း အမတ်ရွေးပွဲမှာ အ၀င်လိုင်း အပေးလိုင်းတွေ ရှိနေပြီဆိုတဲ့ သတင်းကြားတယ်။ ဒါဟုတ်မဟုတ်ကတော့ ကိုယ့်ဘာသာရှင်းပေါ့။ ဒါကြောင့် NLD ကို ကျွန်တော် မအံ့သြဘူး။ ကိုကိုကြီးတို့ ဒေါက်တာညိုညိုသင်းတို့က အရည်အချင်းရှိသူတွေ ကိုယ့်ကိုယ်ပိုင်အရည်အချင်းကို မပြနိုင်ဘူးလား။ ကိုယ်ပိုင်အရည်အချင်း ထူထောင်တဲ့ခေါင်းဆောင်ရှိသူတွေ မဖြစ်သင့်ဘူးလား။ ဘာဖြစ်လို့ သူများအရှိန်အ၀ါအောက်ကို ၀င်တဲ့အခါကျတော့ အခုပဲပြောနေပြီ သူတို့က ကမ်းလှမ်းတာမဟုတ်ဘူး။ သူတို့စည်းကမ်းအတိုင်း မြို့နယ်က ခရိုင်က တင်တဲ့အခါမှာ အဆုံးအဖြတ်ခံရမယ် ပြောနေပြီလေ။ အဲ့ဒီတော့ ကိုကိုကြီးတို့ကို ပြောလိုက်ပါတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ့်နိုင်ငံအတွက် တိုက်ပွဲဝင်ရဲတဲ့သူဖြစ်ရမှာပေါ့။ ကျွန်တော့်အမြင်ကတော့ NLD ဘက်က သူတို့လို ၀င်လာရင် သူတို့နဲ့ တန်းတူ ဖြစ်မှာ သူတို့ထက်သာသွားမှာကို သူတို့မလိုလားဘူးဆိုရင် သဘာဝကျပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ရဲ့ တည်မြဲရေးအတွက် သူတို့ရပ်တည်မှာပဲ။ ကျွန်တော်နားမလည်တာက အစဉ်အလာတွေရှိတယ်။ ဒီအသက်အရွယ်နဲ့ လုပ်ရပ်တွေရှိရဲ့သားနဲ့ ကိုယ်ပိုင်အရည်အသွေးကို ဘာလို့မပြကြတာလဲ။ အဲဒီလူတွေ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်သင့်တယ် ထင်တယ်။
ဦးသိန်းညွန့်ကို The Messenger Media အင်တာဗျူးမှ “အခု NLD မှာလည်း အမတ်ရွေးပွဲမှာ အ၀င်လိုင်း၊ အပေးလိုင်းတွေရှိနေပြီဆိုတဲ့ သတင်းကြားတယ်”

ဦးသိန်းညွန့်ကို The Messenger Media အင်တာဗျူးမှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment