Saturday, August 15, 2015

KIA ဒုက္ခသည်စခန်းမှ နောက်ပြေးမည်ဆိုပါက ကျန်ရှိသောမိသားစုဝင်များအား (လူသားခြင်း စာနာသောအားဖြင့်) သတ်ပစ်မည်ဟုဆို ==================================

KIA ဒုက္ခသည်စခန်းမှ နောက်ပြေးမည်ဆိုပါက ကျန်ရှိသောမိသားစုဝင်များအား (လူသားခြင်း စာနာသောအားဖြင့်) သတ်ပစ်မည်ဟုဆို ========================================= 14, August, 2015 By Kachin People မလိယန်ဒေသအတွင်းရှိ ဒေသခံများကို KIA မှ သေနတ်ဖြင့်ထောက်ကာ ချိန်းခြောက်ပြီး ခေါ်ဆောင်သွားခြင်းကြောင့် မိသားစုဝင်များ တစ်ကွဲတစ်ပြားဖြစ်နေရကြောင်း ကြားသိရပါသည်။ အချို့မှာ KIA ရွာထဲဝင်ဖမ်းနေသည်ဟု သတင်းကြားသောကြောင့် ရွာထဲပြန်မ၀င်ရဲတော့ပဲ တောထဲတွင်သာ ပုန်းနေခဲ့ကြရကြောင်း ရွာသားတစ်ဦးထံမှ ကြားသိရပါသည်။ KIA မှ (လူသားခြင်းစာနာသောအားဖြင့်) သေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကြောင်း၊ ဒုက္ခသည်များမှာ နေ့စဉ်ထွက်ပြေးသူ များပြားနေခြင်းကြောင့် KIA အထက်အကြီးအကဲများက ထွက်ပြေးပါလျင် ကျန်ရှိခဲ့သော မိသားစုဝင်များအား သတ်ပြစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ KBC ပြန်ကြားရေးတာဝန်ခံ ဦးလမာယော် ပြောကြားထားသည်မှာ တစ်ခုမှ မဟုတ်ကြောင်း၊ ဦးလမာယော် ပြောသောစကားလုံးများမှာ KIA ပြောခိုင်းသော စကားလုံးများသာဖြစ်ကြောင်း မလိယန်ဒေသခံတစ်ဦးက ပြောကြားချက်အရ သိရှိရပါသည်။

No comments: