မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 14, 2015
KIA မလိယန်ကျေးရွာကို ထိန်းချုပ်ချင်တာ ဘာကြောင့်လဲ ======================================
KIA မလိယန်ကျေးရွာကို ထိန်းချုပ်ချင်တာ ဘာကြောင့်လဲ
=========================================
13, August, 2015 By Kachin People
ယခင်က KIA သည် မလိခမြစ် အရှေ့ဘက်ကမ်းတွင်သာ သစ်မှောင်ခိုလုပ်ကိုင်လျှက်ရှိပြီး နောက်ပိုင်းတွင် အနောက်ဘက်ကမ်းရှိ မလိယန်ကျေးရွာတစ်ဝိုက်ကိုပါ လာရောက် စခန်းဆောက် ခဲ့ကြောင်း ဒေသခံများမှ ပြောကြားလာပါသည်။
အကြောင်းမှာ မလိယန်ကျေးရွာအနီး မလိခမြစ်ကြောင်းတ၀ိုက် တရုတ် ရွှေမှောင်ခိုတူးဖော် သူများနှင့် ဆက်သွယ်ကာ KIA နဲ့ အကျိုးတူလုပ်ကိုင်နေသောအဖွဲ့ အနည်းဆုံး ၁၀ ဖွဲ့ခန့်ရှိမည် ဖြစ်ကြောင်း မလိယန်ဒေသခံတစ်ဦးထံမှ ဆက်လက်ပြောကြားထားသည်။
ထို့နောက် ရွှေနှင့် သစ်မှောင်ခိုများ တဖြေးဖြေးကြီးထွားလာပြီး တပ်မတော်စစ်ကြောင်းများ ၎င်းတို့ မှောင်ခိုလုပ်ငန်းများကို မတားဆီးနိုင်အောင် အနောက်ဘက်ကမ်းသို့ လာရောက်၍ မလိယန်ကျေးရွာတစ်ဝိုက် ဒေသခံပြည်သူများကို (cover)လုပ်ကာ စခန်းသစ်များ တည်ဆောက် လာခဲ့ကြောင်း ဆက်လက်သိရှိရပါသည်။
၎င်းနောက် မလိယန်ကျေးရွာရှိ အစိုးရခန့် ကျောင်းဆရာမ(၂)ဦးအား KIA မှ အကြောင်းမဲ့ ပြန်လွှတ်လိုက်ခြင်းအပေါ် ဆွမ်ပရာဘွမ်ပညာရေးမှူးမှ သွားရောက်ဖြေရှင်းမည်ကို KIA ကခွင့်မပြု သည့်အတွက် ၎င်းတို့အား ယခင်အနောက်ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာရန် စာပေးပို့ခဲ့ရာ လိုက်နာခြင်းမရှိသောကြောင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးမှ ပြောပြချက်အရ ကြားသိခဲ့ရပါသည်။ KIA မလိယန်ကျေးရွာကို ထိန်းချုပ်ချင်တာ ဘာကြောင့်လဲ
=========================================
13, August, 2015 By Kachin People
ယခင်က KIA သည် မလိခမြစ် အရှေ့ဘက်ကမ်းတွင်သာ သစ်မှောင်ခိုလုပ်ကိုင်လျှက်ရှိပြီး နောက်ပိုင်းတွင် အနောက်ဘက်ကမ်းရှိ မလိယန်ကျေးရွာတစ်ဝိုက်ကိုပါ လာရောက် စခန်းဆောက် ခဲ့ကြောင်း ဒေသခံများမှ ပြောကြားလာပါသည်။
အကြောင်းမှာ မလိယန်ကျေးရွာအနီး မလိခမြစ်ကြောင်းတ၀ိုက် တရုတ် ရွှေမှောင်ခိုတူးဖော် သူများနှင့် ဆက်သွယ်ကာ KIA နဲ့ အကျိုးတူလုပ်ကိုင်နေသောအဖွဲ့ အနည်းဆုံး ၁၀ ဖွဲ့ခန့်ရှိမည် ဖြစ်ကြောင်း မလိယန်ဒေသခံတစ်ဦးထံမှ ဆက်လက်ပြောကြားထားသည်။
ထို့နောက် ရွှေနှင့် သစ်မှောင်ခိုများ တဖြေးဖြေးကြီးထွားလာပြီး တပ်မတော်စစ်ကြောင်းများ ၎င်းတို့ မှောင်ခိုလုပ်ငန်းများကို မတားဆီးနိုင်အောင် အနောက်ဘက်ကမ်းသို့ လာရောက်၍ မလိယန်ကျေးရွာတစ်ဝိုက် ဒေသခံပြည်သူများကို (cover)လုပ်ကာ စခန်းသစ်များ တည်ဆောက် လာခဲ့ကြောင်း ဆက်လက်သိရှိရပါသည်။
၎င်းနောက် မလိယန်ကျေးရွာရှိ အစိုးရခန့် ကျောင်းဆရာမ(၂)ဦးအား KIA မှ အကြောင်းမဲ့ ပြန်လွှတ်လိုက်ခြင်းအပေါ် ဆွမ်ပရာဘွမ်ပညာရေးမှူးမှ သွားရောက်ဖြေရှင်းမည်ကို KIA ကခွင့်မပြု သည့်အတွက် ၎င်းတို့အား ယခင်အနောက်ဘက်ကမ်းသို့ ပြန်လည်ဆုတ်ခွာရန် စာပေးပို့ခဲ့ရာ လိုက်နာခြင်းမရှိသောကြောင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း အစိုးရ၀န်ထမ်းတစ်ဦးမှ ပြောပြချက်အရ ကြားသိခဲ့ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment