မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 11, 2015
ရန်ကုန်-လားရှိုး ခရီးသည်တင်အမြန်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား ==========================================
ရန်ကုန်-လားရှိုး ခရီးသည်တင်အမြန်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား
==========================================
နေပြည်တော် သြဂုတ် ၁ဝ
ရန်ကုန်-လားရှိုး ခရီးသည်တင်အမြန်ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ တိမ်းမှောက်မှု ယနေ့ညနေပိုင်းက ဖြစ်ပွားရာ သေကျေ ဒဏ်ရာရရှိမှုများပြားကြောင်း သိရသည်။
ရန်ကုန်မှ လားရှိုးသို့ ထွက်ခွာသည့် ရွှေလီဦးခရီးသည်တင်အမြန်ယာဉ် 4D/-----သည် ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် အမြန်လမ်း မိုင်တိုင် ၁ဝ၅/၂ အနီး၌ အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ ခရီးသည် ၃၆ ဦးအနက် ခုနစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူ အမျိုးသား ၁၇ ဦးနှင့် အမျိုး သမီး ၁ဝ ဦးကို ဖြူးဆေးရုံကြီးသို့ အမြန်လမ်းရဲတပ်ဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြူးဆေးရုံကြီးသို့ ရောက်ရှိသောလူနာများအနက် နှစ်ဦးမှာ စိုးရိမ်ရပြီး နောက်နှစ်ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ ည ၉ နာရီ ခန့်အချိန်ထိ ကားအပျက်အစီးထဲတွင် ပိတ်မိနေသူများကို ရှာဖွေနေဆဲဖြစ် ကြောင်း သိရသည်။ (မြန်မာ့အလင်း) ရန်ကုန်-လားရှိုး ခရီးသည်တင်အမြန်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား
==========================================
နေပြည်တော် သြဂုတ် ၁ဝ
ရန်ကုန်-လားရှိုး ခရီးသည်တင်အမြန်ယာဉ်တစ်စီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ တိမ်းမှောက်မှု ယနေ့ညနေပိုင်းက ဖြစ်ပွားရာ သေကျေ ဒဏ်ရာရရှိမှုများပြားကြောင်း သိရသည်။
ရန်ကုန်မှ လားရှိုးသို့ ထွက်ခွာသည့် ရွှေလီဦးခရီးသည်တင်အမြန်ယာဉ် 4D/-----သည် ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် အမြန်လမ်း မိုင်တိုင် ၁ဝ၅/၂ အနီး၌ အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ ခရီးသည် ၃၆ ဦးအနက် ခုနစ်ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူ အမျိုးသား ၁၇ ဦးနှင့် အမျိုး သမီး ၁ဝ ဦးကို ဖြူးဆေးရုံကြီးသို့ အမြန်လမ်းရဲတပ်ဖွဲ့က ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဖြူးဆေးရုံကြီးသို့ ရောက်ရှိသောလူနာများအနက် နှစ်ဦးမှာ စိုးရိမ်ရပြီး နောက်နှစ်ဦးမှာ အလွန်စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ ည ၉ နာရီ ခန့်အချိန်ထိ ကားအပျက်အစီးထဲတွင် ပိတ်မိနေသူများကို ရှာဖွေနေဆဲဖြစ် ကြောင်း သိရသည်။ (မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment