မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 18, 2015
သြဂုတ် ၁၈ ရက် လွှတ်တော်အစည်းအဝေး သတင်းများ
သြဂုတ် ၁၈ ရက် လွှတ်တော်အစည်းအဝေး သတင်းများ
Tuesday, August 18, 2015
မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံထားရသည့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို လွှတ်တော်အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနိုင်သည်ဟု သတင်းများထွက်ပေါ်နေ၍ ယနေ့ (သြဂုတ် ၁၈)တွင် ပြန်လည်စတင်သည့် လွှတ်တော်အစည်းအဝေးများ၏ နောက်ဆုံးရသတင်းများအား ယခုသတင်းစာမျက်နှာ၌ စုစည်းဖော်ပြပေးထားပါသည်။
ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်ဆိုင်းရန် သင့်၊ မသင့် သူရဦးရွှေမန်း ကိုယ်တိုင်ဆုံးဖြတ်မည်
လက်ရှိကျင်းပနေသည့် ပြည်သူ့လွှတ်တော် (၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်ဆိုင်းရန် အရေးကြီးအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးကို ရပ်ဆိုင်းရန်ကိစ္စသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်သာ တိုက်ရိုက် သက်ဆိုင်သည့်အတွက် ဥက္ကဋ္ဌ၊ နာယကတစ်ယောက်၏ အမြော်အမြင်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိမည့် ဥပဒေများကို ပြဌာန်းနိုင်ရန် နှင့် လွှတ်တော်ကိစ္စများကို ဆောင်ရွက်နိုင်ရန်အတွက်သာ ဆောင်ရွက်သွားမည်ဟု ပြန်လည်ပြောကြားခဲ့၍ အရေးကြီးအဆိုမှာ အတည်မဖြစ်ခဲ့ပေ။
ရေကြီးနစ်မြုပ်မှုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ပါတီစုံရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ရပ်ဆိုင်းပေးရန် အရေးကြီးအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း အဆိုရှင် ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်တွင်လည်း ယနေ့ နံနက်ကပင် အစည်းအဝေး ရပ်ဆိုင်းပေးရန် အရေးကြီးအဆို တင်သွင်းထားသော်လည်း အဆိုကို စဉ်းစားရန် သင့်၊ မသင့်ကို ယနေ့ လွှတ်တော်အစည်းအဝေး လျာထားသည့် မူလအစီအစဉ်များ ပြီးဆုံးသည့် အချိန်မှသာ ဆုံးဖြတ်မည် ဖြစ်သည်။
အမျိုးသားလွှတ်တော်အစည်းအဝေးရပ်ဆိုင်းပေးရန် အရေးကြီးအဆိုတင်
ရေကြီးနစ်မြုပ်မှုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ ပါတီစုံရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစိစစ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း နှင့် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်
အမျိုးသားလွှတ်တော်အစည်းအဝေးကို ရပ်ဆိုင်းပေးရန် အရေးကြီးအဆိုကို ယနေ့(သြဂုတ် ၁၈) တွင် ကျင်းပသည့် အစည်းအဝေး၌ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်းက တင်သွင်းလိုက်သည်။
အဆိုပါအရေးကြီးအဆိုကို ယနေ့ အမျိုးသားလွှတ်တော်အစည်းအဝေး အစီအစဉ်များ အပြီးတွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် ဆုံးဖြတ်မည် ဖြစ်သည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment