မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, August 15, 2015
ကိုယ်ကျိုးအတွက်ဆိုလျှင် ကချင်ပြည်သူတွေကို ချနင်းဖို့ ၀န်လေးတဲ့သူ =========================================
ကိုယ်ကျိုးအတွက်ဆိုလျှင် ကချင်ပြည်သူတွေကို ချနင်းဖို့ ၀န်လေးတဲ့သူ
=========================================
14, August, 2015 By Kachin People
KIO/KIA ထိပ်သီးခေါင်းဆောင်တွေက ကိုယ်ကျိုးအတွက် မတရားသောနည်းလမ်းနဲ့ ငွေကြေးဥစ္စာရှာယုံမက အာဏာရရှိရေး၊ ဆက်လက်တည်မြဲရေးအတွက် ကချင်ပြည်နယ်က ဒေသတစ်ခုချင်းကို စနစ်တကျ ချနင်းလျှက်ရှိကြောင်း သုံးသပ်မိပါတယ်။
ကချင်ပြည်နယ်အတွင်း သစ်၊ ကျောက်၊ ရွှေ မှောင်ခိုလုပ်ငန်းအားလုံးမှ မတရားနည်းနှင့် ရသမျှ ငွေကြေးများဖြင့် KIA/KIO ထိပ်ပိုင်းခေါင်းဆောင်များက တစ်နေ့ထက်တစ်နေ့ ကြီးပွား ချမ်းသာလျှက်ရှိပြီး၊ ဒေသခံများမှာတော့ ဒုက္ခသည်အဖြစ် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွား လာခဲ့ပါတယ်။
KIA ခေါင်းဆောင်ပိုင်းတွေဟာ သူတို့အကျိုးစီးပွားအတွက်ဆိုလျှင် လက်နက်ကိုင် လမ်းစဉ်ကိုမစွန့်ဘဲ ဒေသခံတွေကို ချနင်းထားခဲ့ကြောင်း၊ သူတို့အကျိုးအမြတ်ရမည်ဆိုလျှင် ကချင်ပြည်သူတွေ ဒုက္ခဘယ်လောက် ရောက်ရောက် အချိန်တန်ရင် နိုင်ငံတကာက ကူညီထောက်ပံ့လိမ့်မယ်ဆိုပြီး လုပ်နေတာ ဖြစ်ပါတယ်။
နောက် ဘယ်ဒေသ ဘယ်အချိန်မှာ ဒုက္ခပေးအုံးမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြရ အုံးမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ ဒီလိုအချိန် ဒီလို KIA/KIO အဖွဲ့အစည်း ခေါင်းဆောင်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာဟာ အင်မတန်မှ ကံဆိုးမှုတွေပါပဲ ဟု ဒုက္ခသည်တစ်ဦးမှ ရင်ဖွင့်ပြောဆိုသံ ကြားခဲ့ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment