Saturday, August 15, 2015

တုံစီသံကူကွန်ကရစ်လမ်းတံတားကြီး၏ ပျက်စီးမှုပြုပြင်ပေးစေချင် ==========================================

တုံစီသံကူကွန်ကရစ်လမ်းတံတားကြီး၏ ပျက်စီးမှုပြုပြင်ပေးစေချင် ========================================== အင်းတော် သြဂုတ် ၁၄ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်အင်းတော်မြို့နယ် နမီးချောင်း ကို ဖြတ်သန်းဆောက်လုပ်ထားသော တုံစီတံတားကြီး၏ ဆိုင်းဘုတ်အနီး၌ တံတားကြမ်းခင်းနှင့် ဆက်စပ်လျက် ရှိသောနေရာတွင် အပေါက်ကြီး ဖြစ်ကာ ပျက်စီးလျက်ရှိနေကြောင်း သိရသည်။ ''ဒီလိုတွေပျက်စီးမှုတွေဖြစ်ပေါ်လာတာက ဇူလိုင်လထဲရွာခဲ့တဲ့မိုး ကြောင့်ဆိုရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ နမီးချောင်းရေကလည်း ပြည့်နေတယ်။ ဒါပေမယ့် တုံစီ တံတားကြီးကြောင့် လမ်းပန်းဆက် သွယ်ရေးတွေဟာ ရေကြီးရေလျှံ မှုရှိသော်လည်း အဆင်ပြေပါတယ် အခုတံတားကြီးရဲ့ ဆိုင်းဘုတ်အနီးမှာ အပေါက်ကြီးဖြစ်ပြီး ပျက်စီးနေတာ ကို ယခုချိန်အထိသက်ဆိုင်ရာက ပြန်လည်ပြုပြင်ခြင်း မရှိသေးပါဘူး''ဟု ဒေသခံတစ်ဦးက ပြောကြား ခဲ့သည်။ တုံစီတံတားကြီးသည် နမီး ချောင်းကို ဖြတ်သန်းဆောက်လုပ် ထားသောတံတားဖြစ်သလို အင်း တော်-ဗန်းမောက်ကားလမ်း အင်း တော်လမ်းပိုင်းတွင်ရှိသော တံတား ကြီးဖြစ်၍ အဆိုပါတံတားကြီးကို အသုံးပြုသွားလာနေရသဖြင့် အမြန် ဆုံးပြန်လည်ကောင်းမွန်လာစေရေး ပြုပြင်ပေးပါရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ) တုံစီသံကူကွန်ကရစ်လမ်းတံတားကြီး၏ ပျက်စီးမှုပြုပြင်ပေးစေချင် ========================================== အင်းတော် သြဂုတ် ၁၄ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်အင်းတော်မြို့နယ် နမီးချောင်း ကို ဖြတ်သန်းဆောက်လုပ်ထားသော တုံစီတံတားကြီး၏ ဆိုင်းဘုတ်အနီး၌ တံတားကြမ်းခင်းနှင့် ဆက်စပ်လျက် ရှိသောနေရာတွင် အပေါက်ကြီး ဖြစ်ကာ ပျက်စီးလျက်ရှိနေကြောင်း သိရသည်။ ''ဒီလိုတွေပျက်စီးမှုတွေဖြစ်ပေါ်လာတာက ဇူလိုင်လထဲရွာခဲ့တဲ့မိုး ကြောင့်ဆိုရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ နမီးချောင်းရေကလည်း ပြည့်နေတယ်။ ဒါပေမယ့် တုံစီ တံတားကြီးကြောင့် လမ်းပန်းဆက် သွယ်ရေးတွေဟာ ရေကြီးရေလျှံ မှုရှိသော်လည်း အဆင်ပြေပါတယ် အခုတံတားကြီးရဲ့ ဆိုင်းဘုတ်အနီးမှာ အပေါက်ကြီးဖြစ်ပြီး ပျက်စီးနေတာ ကို ယခုချိန်အထိသက်ဆိုင်ရာက ပြန်လည်ပြုပြင်ခြင်း မရှိသေးပါဘူး''ဟု ဒေသခံတစ်ဦးက ပြောကြား ခဲ့သည်။ တုံစီတံတားကြီးသည် နမီး ချောင်းကို ဖြတ်သန်းဆောက်လုပ် ထားသောတံတားဖြစ်သလို အင်း တော်-ဗန်းမောက်ကားလမ်း အင်း တော်လမ်းပိုင်းတွင်ရှိသော တံတား ကြီးဖြစ်၍ အဆိုပါတံတားကြီးကို အသုံးပြုသွားလာနေရသဖြင့် အမြန် ဆုံးပြန်လည်ကောင်းမွန်လာစေရေး ပြုပြင်ပေးပါရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။ သန်းမောင်လေး(ကချင်မြေ)

No comments: