Friday, August 14, 2015

ကြံ့ခိုင်ရေးပါတီတွင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်စရာမလို ဟု ပြော

ကြံ့ခိုင်ရေးပါတီတွင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်စရာမလို ဟု ပြော ကြံ့ခိုင်ရေးပါတီ က ဦးရွှေမန်းအား ပါတီဥက္ကဌအဖြစ်မှ ဖယ်ရှားလိုက်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်က မကျေနပ်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီတွင်း ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်စရာမလိုဟု ကြံ့ခိုင်ရေးပါတီက တုံ့ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် က ကြံ့ခိုင်ရေးပါတီတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများသည် လွှတ်တော်နှင့် ပတ်သက် ကြောင်း၊ ပါတီတခုအတွင်း ယခုကဲ့သို့ ဖြစ်ပေါ်နေစဉ် ကာလတွင် NLD အနေဖြင့် မဲဆွယ်စည်းရုံး မှုများ ဆက်လက်လှုပ်ရှားရန် မသင့်လျော်ဟု ယူဆသဖြင့် ရှမ်းပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း NLD ပါတီ စီအီးစီတစ်ဦးဖြစ်သူ ဦးဝင်းထိန် က ပြောကြားခဲ့သည်။ “သူတို့ဖြစ်တဲ့အချိန်မှာ ဘာမှမဖြစ်ဘူးဆိုပြီး မဲဆွယ်စည်းရုံးမှုမျိုး ဆက်လုပ်ဖို့မသင့်တော်လို့ ခရီးစဉ်ဖျက်လိုက် တာပါ။ ဒီကနေ့ CEC အစည်းအဝေးလည်း လုပ်တော့ ဦးရွှေမန်းလို ပါတီဥက္ကဋ္ဌ တယောက်ကို အခုလိုလုပ်တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် က မကျေနပ်ဖူး ။ ဒါဟာ စစ်အစိုးရ လက်ထက်ကလို ဖြစ်နေတယ်။ တရား ဥပဒေ စိုးမိုးမှုမရှိဘူး။ ဒီလိုကိစ္စအပေါ် သူ့အနေနဲ့ စိတ်ပူတယ်လို့ ပြောတယ်”ဟု ဦးဝင်းထိန် က ပြောကြားခဲ့ သည်။ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် လွှတ်တော်အမတ်တစ်ဦးက “အမကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားက ငထွား ခါးနာမနေပါနဲ့လို့ ပြောချင်တယ်။ အမကြီးတို့ NLD ပါတီမှာ ဗဟိုက ကိုယ်စားလှယ် လောင်း ရွေးတာကို မကျေနပ်လို့ ဆန္ဒပြနေသူတွေကို ဖြုတ်ထုတ်သတ်လုပ်နေတာကို ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီ က မကျေနပ်ဖူးလို့ ပြောဖူးသလား။ ဦးရွှေမန်း ကို ပါတီဥက္ကဌ အဖြစ်က ဖြုတ်ခြင်း၊ မဖြုတ်ခြင်း ဟာ ကျွန်တော် တို့ ကြံ့ခိုင်ရေးပါတီတွင်း ကိစ္စပါ။ ကြံ့ခိုင်ရေးပါတီရဲ့ မူလဥက္ကဌက သမ္မတ ဦးသိန်းစိန်ပါ။ ခေတ္တ ဥက္ကဌ ဦးရွှေမန်းက ကလိမ်ကကျစ်နဲ့ ဥက္ကဌ ရာထူးကို လုယူထားတာပါ။ ခုဖြစ်တာက ကြံ့ခိုင်ရေး စီအီးစီတွေက ဥက္ကဌ ရာထူးကို ပိုင်ရှင်မှန်ကို ပြန်အပ်လိုက်တဲ့ သဘော။ ဒါကို ငါးဖယ်က ပြောင်းပြန်လန်ပြီး ဦးရွှေမန်းဖက်က နာနေတယ်ဆိုတာ့ တော်တော်ထူးဆန်းတယ်။ ပြိုင်ဖက်ပါတီဥက္ကဌ အဖြုတ်ခံရတာကို အမကြီးက နာနေတယ် ဆိုတော့ ဥက္ကဌဟောင်းနဲ့ ဘာတွေများ ကြိတ်ကြံထားတာတွေ ရှိလို့ နာနေတာလဲလို့ မေးချင်တယ်” ဟု ပြောကြားခဲ့သည်။ “ကိုယ့်ပါတီတွင်းကိစ္စ နိုင်အောင် ထိန်းပါဦး။ ကိုယ့်ပါတီတွင်းမှာ ဒီမိုကရေစီ နည်းလမ်းကျအောင် လုပ်ပါဦး။ ကြံ့ခိုင်ရေးပါတီက စုပေါင်းခေါင်းဆောင်မှုနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်နေတာပါ။ NLD လို ဒေါ်စုတစ်ဦးတည်း လုပ်ချင်ရာလုပ်နေတဲ့ ပါတီ မဟုတ်ဘူး။ ကြံ့ခိုင်ရေးပါတီဟာ ဒေါ်စုနဲ့ ဘာမှမဆိုင်ဘူး။ ရှင်းရှင်းပြောမယ် ။ ဦးရွှေမန်းကိစ္စက ပါတီတွင်း ကိစ္စ။ NLD နဲ့ မဆိုင်ဘူး။ မဆိုင်သလိုနေပါ၊ ကိုယ့်ပါတီထဲမှာ ဒီမိုကရေစီ ရအောင် လုပ်ပါဦး လို့ ပြောချင်တယ်။ ဒီစကား ဘာဖြစ်လို့ ပြောလဲ။ လွှတ်တော်အမတ်တွေ သိပါတယ်။ ထမင်းချိုင့် ပို့တဲ့ကိစ္စ၊ မွေးနေ့လက်ဆောင်ပေးတဲ့ကိစ္စ၊ အိပ်ဆေးတွေသောက်တဲ့ကိစ္စ၊ မိသားစုထဲမှာ ပြဿနာတွေ တက်တဲ့ကိစ္စ၊ ဒါတွေကို ထုတ်မပြောချင်ဘူး။ ဒီအရွယ်ကြီးတွေကျမှ ဆိုတဲ့ စကားလည်း မပြောချင်ဘူး။ ကိုယ့်အကြောင်းကိုယ်သိပါ လို့ ပြောချင်တယ်” ဟု ၄င်းက ဆိုသည်။ ပြည်တွင်း၊ပြည်ပမှ နိုင်ငံရေးလေ့လာသူအများစုကမူ ကြံ့ခိုင်ရေးပါတီဥက္ကဌ အပြောင်းအလဲသည် ပြည်တွင်း နိုင်ငံရေးအပေါ် ကြီးကြီးမားမား မရိုက်ခတ်နိုင်ဟု သုံးသပ်ကြသည်။ credit: ပြည်သူ့အာဏာ ကြံ့ခိုင်ရေးပါတီတွင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်စရာမလို ဟု ပြော ကြံ့ခိုင်ရေးပါတီ က ဦးရွှေမန်းအား ပါတီဥက္ကဌအဖြစ်မှ ဖယ်ရှားလိုက်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်က မကျေနပ်ကြောင်း ဦးဝင်းထိန်က ပြောကြားခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီတွင်း ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်စရာမလိုဟု ကြံ့ခိုင်ရေးပါတီက တုံ့ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် က ကြံ့ခိုင်ရေးပါတီတွင်း ဖြစ်ပေါ်နေသည့် ကိစ္စများသည် လွှတ်တော်နှင့် ပတ်သက် ကြောင်း၊ ပါတီတခုအတွင်း ယခုကဲ့သို့ ဖြစ်ပေါ်နေစဉ် ကာလတွင် NLD အနေဖြင့် မဲဆွယ်စည်းရုံး မှုများ ဆက်လက်လှုပ်ရှားရန် မသင့်လျော်ဟု ယူဆသဖြင့် ရှမ်းပြည်နယ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း NLD ပါတီ စီအီးစီတစ်ဦးဖြစ်သူ ဦးဝင်းထိန် က ပြောကြားခဲ့သည်။ “သူတို့ဖြစ်တဲ့အချိန်မှာ ဘာမှမဖြစ်ဘူးဆိုပြီး မဲဆွယ်စည်းရုံးမှုမျိုး ဆက်လုပ်ဖို့မသင့်တော်လို့ ခရီးစဉ်ဖျက်လိုက် တာပါ။ ဒီကနေ့ CEC အစည်းအဝေးလည်း လုပ်တော့ ဦးရွှေမန်းလို ပါတီဥက္ကဋ္ဌ တယောက်ကို အခုလိုလုပ်တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် က မကျေနပ်ဖူး ။ ဒါဟာ စစ်အစိုးရ လက်ထက်ကလို ဖြစ်နေတယ်။ တရား ဥပဒေ စိုးမိုးမှုမရှိဘူး။ ဒီလိုကိစ္စအပေါ် သူ့အနေနဲ့ စိတ်ပူတယ်လို့ ပြောတယ်”ဟု ဦးဝင်းထိန် က ပြောကြားခဲ့ သည်။ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် လွှတ်တော်အမတ်တစ်ဦးက “အမကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြားက ငထွား ခါးနာမနေပါနဲ့လို့ ပြောချင်တယ်။ အမကြီးတို့ NLD ပါတီမှာ ဗဟိုက ကိုယ်စားလှယ် လောင်း ရွေးတာကို မကျေနပ်လို့ ဆန္ဒပြနေသူတွေကို ဖြုတ်ထုတ်သတ်လုပ်နေတာကို ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီ က မကျေနပ်ဖူးလို့ ပြောဖူးသလား။ ဦးရွှေမန်း ကို ပါတီဥက္ကဌ အဖြစ်က ဖြုတ်ခြင်း၊ မဖြုတ်ခြင်း ဟာ ကျွန်တော် တို့ ကြံ့ခိုင်ရေးပါတီတွင်း ကိစ္စပါ။ ကြံ့ခိုင်ရေးပါတီရဲ့ မူလဥက္ကဌက သမ္မတ ဦးသိန်းစိန်ပါ။ ခေတ္တ ဥက္ကဌ ဦးရွှေမန်းက ကလိမ်ကကျစ်နဲ့ ဥက္ကဌ ရာထူးကို လုယူထားတာပါ။ ခုဖြစ်တာက ကြံ့ခိုင်ရေး စီအီးစီတွေက ဥက္ကဌ ရာထူးကို ပိုင်ရှင်မှန်ကို ပြန်အပ်လိုက်တဲ့ သဘော။ ဒါကို ငါးဖယ်က ပြောင်းပြန်လန်ပြီး ဦးရွှေမန်းဖက်က နာနေတယ်ဆိုတာ့ တော်တော်ထူးဆန်းတယ်။ ပြိုင်ဖက်ပါတီဥက္ကဌ အဖြုတ်ခံရတာကို အမကြီးက နာနေတယ် ဆိုတော့ ဥက္ကဌဟောင်းနဲ့ ဘာတွေများ ကြိတ်ကြံထားတာတွေ ရှိလို့ နာနေတာလဲလို့ မေးချင်တယ်” ဟု ပြောကြားခဲ့သည်။ “ကိုယ့်ပါတီတွင်းကိစ္စ နိုင်အောင် ထိန်းပါဦး။ ကိုယ့်ပါတီတွင်းမှာ ဒီမိုကရေစီ နည်းလမ်းကျအောင် လုပ်ပါဦး။ ကြံ့ခိုင်ရေးပါတီက စုပေါင်းခေါင်းဆောင်မှုနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်နေတာပါ။ NLD လို ဒေါ်စုတစ်ဦးတည်း လုပ်ချင်ရာလုပ်နေတဲ့ ပါတီ မဟုတ်ဘူး။ ကြံ့ခိုင်ရေးပါတီဟာ ဒေါ်စုနဲ့ ဘာမှမဆိုင်ဘူး။ ရှင်းရှင်းပြောမယ် ။ ဦးရွှေမန်းကိစ္စက ပါတီတွင်း ကိစ္စ။ NLD နဲ့ မဆိုင်ဘူး။ မဆိုင်သလိုနေပါ၊ ကိုယ့်ပါတီထဲမှာ ဒီမိုကရေစီ ရအောင် လုပ်ပါဦး လို့ ပြောချင်တယ်။ ဒီစကား ဘာဖြစ်လို့ ပြောလဲ။ လွှတ်တော်အမတ်တွေ သိပါတယ်။ ထမင်းချိုင့် ပို့တဲ့ကိစ္စ၊ မွေးနေ့လက်ဆောင်ပေးတဲ့ကိစ္စ၊ အိပ်ဆေးတွေသောက်တဲ့ကိစ္စ၊ မိသားစုထဲမှာ ပြဿနာတွေ တက်တဲ့ကိစ္စ၊ ဒါတွေကို ထုတ်မပြောချင်ဘူး။ ဒီအရွယ်ကြီးတွေကျမှ ဆိုတဲ့ စကားလည်း မပြောချင်ဘူး။ ကိုယ့်အကြောင်းကိုယ်သိပါ လို့ ပြောချင်တယ်” ဟု ၄င်းက ဆိုသည်။ ပြည်တွင်း၊ပြည်ပမှ နိုင်ငံရေးလေ့လာသူအများစုကမူ ကြံ့ခိုင်ရေးပါတီဥက္ကဌ အပြောင်းအလဲသည် ပြည်တွင်း နိုင်ငံရေးအပေါ် ကြီးကြီးမားမား မရိုက်ခတ်နိုင်ဟု သုံးသပ်ကြသည်။ credit: ပြည်သူ့အာဏာ

No comments: