မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
“သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ရှိမည်”
UPDATE News >>>>>>>>>>>
“သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ရှိမည်”
သူရဦးရွှေမန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏
ပါတီဝင်အဖြစ်ဆက်လက်ရှိနေသေးသော်လည်း ပါတီ၏ ဗဟိုကော်မတီဝင်စာရင်းတွင် မပါဝင်တော့ကြောင်းနေပြည်တော်တွင် ပြုလုပ်နေသည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီဗဟိုအတွင်းရေးမှုးဒေါက်တာမောင်မောင်ဌေး က ပြောကြားလိုက်သည်။
လာမည့်ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်သို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သွင်းထားပြီး ဖြစ်သည့် သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အဖြစ်နှင့် ကိုယ်စားလှယ်လောင်းအဖြစ်ပါဆက်လက်ရှိနေဦးမည် ဖြစ်ပြီး လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဌ နှင့် ပြည်ထောင်စုလွှတ်တော်နာယကတာဝန်များတွင်လည်း ဆက်လက်တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
7Day News Journal UPDATE News >>>>>>>>>>>

7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment