Saturday, August 15, 2015

ပြည်ခိုင်ဖြိုး ပါတီ ထုတ်ပြန်ကြေညာချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်

ယနေ့ ထုတ်ပြန်လိုက်သည့် ပြည်ခိုင်ဖြိုး ပါတီ ထုတ်ပြန်ကြေညာချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၂/၂၀၁၅) (၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၁၅ ရက်) (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်) ၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၁/၂၀၁၅) အား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါသည်။ ၃။ ယင်းဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှ အောက်ပါ ပါတီ၏သဘောထား ရပ်တည်ချက်များကို စုပေါင်း ချမှတ်ခဲ့ပါသည်- (က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီ၏ရည်မှန်းချက်၊ ယုံကြည်ချက် နှင့် မူဝါဒများ ပြောင်းလဲမှု ရှိမည်မဟုတ်ဘဲ လုပ်ငန်းစဉ်များ ချဉ်းကပ်အကောင်အထည် ဖော်ပုံဖော်နည်း ပြောင်းလဲတိုးတက် ကောင်းမွန်အောင် စွမ်းရည်မြင့်မားအောင် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ ( ခ) ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ အခြားနိုင်ငံရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ပြည်သူများနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ပိုမိုပူးပေါင်း ကြိုးပမ်း သွားရန် ရည်သန်လျက် ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ( ဂ) ပါတီသည် ပြည်သူ့အကျိုးအတွက် အစဉ်ဆောင်ရွက်ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့ ပီပြင်စွာ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၄။ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် စနစ်တကျ ရွေးချယ်ထားရှိ ပြီးဖြစ်သော ကိုယ်စားလှယ်လောင်းများ အား မပြင်မဆင် မပြောင်းလဲဘဲ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။ ၅။ ချမှတ်ထားသည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရန် ဆက်လက်ဆောင်ရွက်ရာတွင် ပါတီဝင် တစ်ဦးချင်း၊ အရည်အသွေး ကောင်းမွန်အောင် ကြိုးစားရေး၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေး၊ ပါတီစွမ်းဆောင်ရည် တိုးတက် ကောင်းမွန်ရေး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ usdp.org ယနေ့ ထုတ်ပြန်လိုက်သည့် ပြည်ခိုင်ဖြိုး ပါတီ ထုတ်ပြန်ကြေညာချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၂/၂၀၁၅) (၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် ၁၅ ရက်) (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်) ၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၁/၂၀၁၅) အား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၂။ ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ပါသည်။ ၃။ ယင်းဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှ အောက်ပါ ပါတီ၏သဘောထား ရပ်တည်ချက်များကို စုပေါင်း ချမှတ်ခဲ့ပါသည်- (က) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပါတီ၏ရည်မှန်းချက်၊ ယုံကြည်ချက် နှင့် မူဝါဒများ ပြောင်းလဲမှု ရှိမည်မဟုတ်ဘဲ လုပ်ငန်းစဉ်များ ချဉ်းကပ်အကောင်အထည် ဖော်ပုံဖော်နည်း ပြောင်းလဲတိုးတက် ကောင်းမွန်အောင် စွမ်းရည်မြင့်မားအောင် ကြိုးပမ်းသွားမည်ဖြစ်ပါသည်။ ( ခ) ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ အခြားနိုင်ငံရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ပြည်သူများနှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ပိုမိုပူးပေါင်း ကြိုးပမ်း သွားရန် ရည်သန်လျက် ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ( ဂ) ပါတီသည် ပြည်သူ့အကျိုးအတွက် အစဉ်ဆောင်ရွက်ဟူသော ဆောင်ပုဒ်နှင့်အညီ လက်တွေ့ ပီပြင်စွာ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၄။ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ထားရှိမှုအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် စနစ်တကျ ရွေးချယ်ထားရှိ ပြီးဖြစ်သော ကိုယ်စားလှယ်လောင်းများ အား မပြင်မဆင် မပြောင်းလဲဘဲ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။ ၅။ ချမှတ်ထားသည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရန် ဆက်လက်ဆောင်ရွက်ရာတွင် ပါတီဝင် တစ်ဦးချင်း၊ အရည်အသွေး ကောင်းမွန်အောင် ကြိုးစားရေး၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေး၊ ပါတီစွမ်းဆောင်ရည် တိုးတက် ကောင်းမွန်ရေး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ usdp.org

No comments: