မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, August 11, 2015
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီအချိန်တွင် ထုတ်ပြန် သည့် မြစ်ရေကြီးမှုအခြေအနေသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်…………………
မင်္ဂလာနေ့လည်ခင်းပါ (၁၁.၈.၂၀၁၅) ------------
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန် (၁၃း၀၀) နာရီအချိန်တွင် ထုတ်ပြန် သည့် မြစ်ရေကြီးမှုအခြေအနေသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်……………………………………………
(၁) စိုးရိမ်ရေမှတ်အောက် ကျဆင်းနိုင်မှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၁) ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
(၂) စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မှု အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ တွင်(၃)ပေခန့် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပါသည်။ နောက်(၃)ရက်အတွင်း (၂)ပေခန့်ကျဆင်းနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထုးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment