မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, December 13, 2016
ယာဉ်တိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ယာဉ်မောင်းအား ဖမ်းဆီး ရမိ ==========================================
ယာဉ်တိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့သည့် ယာဉ်မောင်းအား ဖမ်းဆီး ရမိ
==========================================
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် နောင်မွန်ရွာနှင့် နောင်လန်းရွာကြား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၇/၆) နှင့်(၁၅၇/၇) ကြားတွင် ဒီဇင်ဘာ ၉ ရက်က ဆိုင်ကယ်ကို ကုန်တင်ယာဉ် တစ်စီးက ဝင်ရောက် တိုက်မိရာ ဆိုင်ကယ်နောက်မှ ထိုင်၍ လိုက်ပါလာသူ တစ်ဦး ကားကြိတ် သေဆုံးပြီး တွဲကား ယာဉ်မောင်း ထွက်ပြေး တိမ်းရှောင်မှုကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရာ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က တရားခံအား ဖမ်းဆီး ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ည ၇ နာရီခွဲက ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်း အရ လားရှိုး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ် စောဝင်း ဦးစီး တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးရာ ပုန်းထွန်ရွာဘက်မှ နောင်မွန်ရွာ ဘက်သို့ ဦးညွန့်၏သား ပုန်းထွန်ရွာနေသူ သက်နိုင်စိုး ၃ဝ နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးပွ၏သား ကျော်လင်းစိုး ၂၆ နှစ် လိုက်ပါစီးနင်းလာသော ၃၂ယ/--- JLM-1 125 ဖြူနီရောင် ဆိုင်ကယ်ကို နောက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ်က ကျော်တက်စဉ် ချိတ်မိကာ ဆိုင်ကယ် လဲကျပြီး နောက်မှ စီးနင်း လိုက်ပါသူ ကျော်စိုးလင်းအား ကုန်တင်ယာဉ်၏ ဝဲဘက်ဘီးဖြင့် ကြိတ်မိခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးနင်း လိုက်ပါလာသူ ကျော်လင်းစိုးသည် ဦးခေါင်း ကြေမွဒဏ်ရာဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးသွားပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။ ဖြစ်စဉ်အား လားရှိုး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ် စောဝင်း ဦးစီး၍ ယာဉ်နှင့် တရားခံအား လိုက်လံ စုံစမ်းရာ သီပေါမြို့နယ် လွယ်လမ့်ရွာ၌ တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ ထွက်ပြေးသွားသော ယာဉ်မောင်းမှာ ဝမ်းတွင်းမြို့နယ် သဲတောရွာနေ ဦးထွန်းအောင်၏ သား ခင်မောင်တင့် ၅၉ နှစ် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်တင့်ကို နောင်မွန် နယ်မြေ ရဲစခန်းက ယာဉ်(ပ)၁၇/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-က/၂ဝ၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment