Samsung Galaxy S8 ကို ၅.၇ လက်မနှင့် ၆.၂ လက်မ screen အရွယ်အစားများဖြင့် ရရှိနိုင်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါစမတ်ဖုန်းသစ်တွင် Samsung က pressure-sensitive display တစ်ခုထည့်သွင်းရန် စီစဉ်နေကြောင်း သတင်းထပ်မံထွက်ပေါ်လာခဲ့သည်။
“Samsung က Galaxy S8 မှာ force touch နည်းပညာကို တစ်စိတ်တစ်ဒေသ အနေနဲ့ ထည့်သွင်းအသုံးပြုဖို့ စဉ်းစားနေပါတယ်။ အပြည့်အဝအသုံးပြုမှုကိုတော့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ စတင်ပါလိမ့်မယ်။ သေချာတာကတော့ အခြား Android စမတ်ဖုန်းကုမ္ပဏီတွေက user interface ကို အဆင့်မြှင့်ရာမှာ အထောက်အကူဖြစ်စေမယ့် ဒီနည်းပညာကို အသုံးမပြုခင်မှာ Samsung က စတင်ပါလိမ့်မယ်” ဟု Samsung supplier တစ်ခုမှ အမည်မဖော်လိုသူ အမှုဆောင်တစ်ဦးက The Investor ထံ ပြောကြားခဲ့သည်။
၎င်းနည်းပညာသည် iPhone display နှင့် MacBook trackpad များတွင် တွေ့မြင်နိုင်သော Apple ၏ 3D Touch နှင့် Force Touch နည်းပညာများနှင့်ဆင်တူသည်။ iPhone ပေါ်တွင် 3D Touch ဖြင့် သုံးစွဲသူများသည် app များအတွက် shortcut များ ဖန်တီးခြင်း၊ live photo ကို အသုံးပြုခြင်းနှင့် သုံးစွဲသူ၏ display ဖိအားအပေါ်မူတည်ပြီး အခြားအသုံးတည့်စေသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။ MacBook trackpad များတွင်ပါဝင်သည့် Force Touch သည် သုံးစွဲသူတစ်ဦးက trackpad ဖိနှိပ်မှုအပေါ်မူတည်ကာ လုပ်ဆောင်ချက်များ ပြုလုပ်နိုင်သည်။
Samsung သည် ယခုနှစ်အတွင်း pressure-sensitive display များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့သောကြောင့် Galaxy S8 တွင် ၎င်းနည်းပညာကို တွေ့မြင်ရမည့် အလားအလာများစွာရှိနေသည်။
Ref: IBTimes
No comments:
Post a Comment