၂၃-၁၁-၂၀၁၆
ဇင်ဘာပွေ နိုင်ငံမှာအမျိုးသားတစ်ဦးဟာ ပြည့်တန်ဆာအမျိုးသမီးနဲ့ ပျော်ပါးဘို့  ကြက်ဥပြုတ်နှစ်လုံးသာ ပေးလို့  စကားများ ရန်ဖြစ်ခဲ့ကြရင်း အမျိုးသမီး က ဘီယာပုလင်းနဲ့  ရိုက်ခဲ့ လို့ ခေါင်းကွဲသွားတယ်။
နိုင်ငံ့စီးပွားရေး ကျဆင်းပြီး ငွေကြေး ဖေါင်းပွမှူ အမြင့်ဆုံး ဇင်ဘာပွေ နိုင်ငံ မှာ ပြည့်တန်ဆာ ဦးရေဟာ မြို့ သုံးမြို့ မှာ တင် ငါးထောင်နီးပါး ရှိနေ ပါတယ်၊ ပြည့်တန်ဆာကို အချိန်ပိုင်းခေါ်ရင် အရင်ဈေးဇင်ဘာပွေသုံးဒေါ်လာငွေ (၄) ဒေါ် လာ ကနေ (၀.၈) ဒေါ်(ပေါင်မုန့် တ၀က်ဈေး) အထိ လျော့ ဈေးနဲ့  လိုက်နေရ တယ်လို့  ဆိုပါတယ်။
အမျိုးသားဟာ သူမှာပါလာတဲ့ ငွေကို ကြက်ဥပြုတ် နှစ်လုံးဝယ်လာခဲ့ပြီးမှ ပြည့်တံဆာနဲ့  တွေ့ ပြီး လက်ထဲမှာငွေမပါလို့  ကြက်ဥပြုတ် ကိုသာပေးခဲ့ပါ တယ်။
"ကျွန်တော် က ကြက်ဥပြုတ်ပေးလို့  စိတ်ဆိုးသွားတာပါ တကယ်ဆို မလိုက်ရင် ငြင်းလို့ ရတာဘဲဟာ.. သူ့ မရဲ့ ဈေးက ၀.၈ ဒေါ်လာလေ ကျွန်တော်ဝယ်လာတဲ့ ကြက်ဥပြုတ်နှစ်လုံးရဲ့  တန်ဘိုးက ၀.၂၅ ဇင်ဘာပွေဒေါ်လာတန်ဘိုးရှိပါတယ်"
ဘီယာပုလင်းနဲ့ အရိုက်ခံရလို့  ခေါင်းကွဲသွားခဲ့တဲ့ အမျိုးသားက ရဲစခန်းမှာပြောခဲ့တာပါ။
blacksportsonline
Social Action for Women - SAW
No comments:
Post a Comment