၂.၁၁.၂၀၁၆နေ့ ည၇:၀၀နာရီချိန်တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ မီးလောင်ကျွှမ်းမှု ဖြစ်စဉ်တွင် မတော်တဆ မီးလောင်ကျွှမ်းမှုမဟုတ်ဟု သိရပါသည် ။
ဖြစ်စဉ်မှာ ၂.၁၁.၂၀၁၆ နေ့ ည၆:၀၀ နာရီချိန်တွင် ယူမာကျေးရွာရှိ ရတနာရောင်ခြည် ကုမ္မဏီဝင်း အတွင်းသို့ တစ်စီးလျှင် လူ(၃)ဦးနှုန်း စီးနင်းသော ဆိုင်ကယ် (၁၀) စီးခန့်ဖြင့် အရပ်ဝတ် ဝတ်ထားသော အမည်မသိ လက်နက်ကိုယ်စီနှင့် လူ (၃၀) ခန့် ဝင်လာခဲ့ပြီး ၊ ကုမ္မဏီရှိ ဝန်ထမ်းအားလုံးကို ခေါ်ကာ မှောက်ယားထိုးခိုင်းသည်ဟု သိရပါသည် ။ မျက်နှာမော့ကြည့်သူများကို သေနတ်ဒင်ဖြင့် ထုသည်ဟု ပြောပြပါသည် ။ထိုအချိန်တွင် ထမင်းစားခန်းအတွင်း ထမင်းစားနေသော ကုမ္မဏီ တာဝန်ရှိသူများမှာ ထွက်ပြေးတိမ်ရှောင်ခဲ့သောကြောင့် လွတ်မြောက်သွားခဲ့ရသည်ဟု သိရပါသည် ။
အဆိုပါ အမည်မသိ လက်နက်ကိုင်များမှ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ခြင်းကြောင့် မီးလောင်ကျွမ်းခဲ့ရသည်ဟု သိရပါသည် ။ နေပ ၆၀ပေ၁၀၀ အကျယ်ရှိတဲ့ သွပ်မိုး သွပ်ကာ ဂိုဒေါင် တစ်လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဆိုပါ ဂိုဒေါင်အတွင်းတွင် မြေသယ်ကြီးများတွင် အသုံးပြုသော စပါယ်ယာပတ်စ် တာယာအသစ်အလုံး (၂၀၀) ကျော်နှင့် စက်ယန္တရား အပိုပစ္စည်း အမြောက်အများ ( တန်ဘိုး ခန့်မှန်း၍မရ) မီးလောင်ကျွှမ်းခံခဲ့ရပြီး လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှုကြောင့် လူစဉ်းယဉ် Vigo အမျိုးအစား ဖိုးဝှီး ကား (၃) စီးပျက်စီးသွားသည်ဟု သိရပါသည် ။ ကုမ္မဏီဝန်ထမ်း (၂) ဦးလည်း ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာ အနည်းငယ် ရရှိသွားသည်ဟု လည်း သိရှိရပါသည် ။ TNN တံဆိပ်ပါ တရုတ် ယမ်းပျော့များကို အသုံးပြုထားသည့် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၉) လုံးကိုလည်း စစ်တပ်မှ သိမ်းဆည်း ရခဲ့သိဟု သိရပါသည် ။
မီးလောင်ကျွှမ်းသည့် ကုမ္မဏီဝင်းအတွင်း စစ်သည်အင်အား (၁၂၀) ခန့်ဖြင့် လုံခြုံရေး ယူထားသည်ဟုလည်း အဆိုပါနေရာတွင် ရောက်ရှိနေသည့် တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည် ။
လက်ရှိမီးလောင်ကျွမ်းမှုကဲ့သို့ အလားတူဖြစ်ရပ်မျိုးများ ယူမာကျေးရွာတွင် ၂၀၁၅ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ပြီး လုံးခင်း ၊နတ်မှော် ကျေးရွာတို့တွင်လည်း ဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည် ။ ဖြစ်စဉ်အားလုံးကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကို ယနေ့ချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။
ဇော်မိုးထက် ( ဖားကန့် )
No comments:
Post a Comment