ဘားအံ- နိုဝင်ဘာ ၁၅
ဘားအံမြို့၊ ရေကျော်လေးရွာတဘက်ကမ်းရှိ အပေါင်မြို့နယ်၊ နတ်မော်ကျေးရွာ အုပ်စု၊ ကင်းရွာရှိ သစ္စာတောင်ဝှမ်း ဘုန်းကြီးကျောင်း အလှူပွဲ မှ ပြန်လာသူများအား ရေကျော်လေးကျေးရွာနေ ဦးမြင့်ဦး (၅၀)နှစ် မောင်းနှင် သည့် ဘောက်လှေဖြင့် တင်ဆောင်ကာ ဒုံသမိချောင်း အတိုင်း ပြန်လာ စဉ် နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက်(၂)နာရီခွဲအချိန် တွင် ဘောက်လှေမှောက်ရာ ကျား(၂)ဦး၊ မ(၂)ဦးရေနစ်ပြီး ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား ရေကျော်လေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းမှ လာရောက် သတင်းပို့ချက်အရ မြို့နယ်ရဲစခန်းမှ သက်သေများဖြင့် သွားရောက်စစ်ဆေးရာ ၎င်းဘောက်ပေါ်တွင်လူ(၃၀)ခန့် လိုက်ပါလာပြီး လှေဦးမှရေဝင်၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဘောက်လှေမှောက်သည့် နေရာမှာ ချောင်းရေပြင် အကျယ်ပေ (၁၀၀၀)ကျော်ခန့်ရှိပြီး ကင်းရွာနေ ဦးလှသိန်းမှ ကယ်ပေးခဲ့ရာ ပဲခူးတိုင်းညောင်လေးပင် မြို့နယ်နေ မချိုမာ(၃၁)နှစ်၊ မတင်တင်စန်း(၂၂)နှစ်၊ ဘားအံမြို့နယ်၊ ရေကျော်ကြီးကျေးရွာနေ မနိုနို(၁၈)နှစ်၊ ခွန်ငွေလာ(၃၁)နှစ် (၄)ဦးမှာ ပျောက်ဆုံးနေကြောင်းနှင့် ဘောက်လှေမောင်းသူ ဦးမြင့်ဦးမှာ တိမ်းရှောင်နေကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar


No comments:
Post a Comment