ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီး ကျောက်မျက်လုပ်ကွက်ဟောင်းထဲကို ကျရောက်လာတဲ့ ယနေ့အချိန်ထိ အမည်မဖော်ပြခြင်းမရှိသေးတဲ့ အလျား ၁၂ပေ အချင်း ၆ပေရှိတဲ့ အရာဝတ္တုကြီးကို ဘယ်လိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။
( ဓာတ်ပုံ – ဇော်မိုးထက်(ဖားကန့်) )
အစိုးရအနေနဲ့ ဘယ်လိုယာဉ်က စက်ပစ္စည်းအစိတ်အပိုင်ဖြစ်တယ်ဆိုတာကို ဒီကနေ့ ငါးရက်မြောက်သည်အထိ ပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။
အများစုကတော့ ဒါဟာ ဒုံးကျည်တစ်ခုရဲ့လောင်စာကန် ဖြစ်ဘို့များတယ်လို့လည်းပြောဆိုနေကြပါတယ် ။ ဒီအရာဝတ္တုကြီးမတွေ့ရှိခင် နာရီပိုင်းအတွင်းမှာပံယဲ တရုတ်နိုင်ငံက အာကာသကို ဂြိုလ်တု ငါးစင်း လွှတ်တင်တယ်လို့လဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြထားတာကိုလည်းတွေ့ရပါတယ် ။
ဒါဟာ တရုတ်နိုင်ငံမှ ဒုံးကျည်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ သေချာသလောက် ရှိတယ်လို့လည်း နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက ပြောဆိုနေကြပါတယ်။
MCN
No comments:
Post a Comment