Tuesday, November 15, 2016

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းနံပါတ်အချို့ ပြောင်းလဲမည်

ကျိုက်ထို၊ မလှိုင်နှင့်ညောင်လေးပင်မြို့ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် လဲလှယ်မည်ဖြစ်သဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနံပါတ်အဟောင်းမှ အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် MPT ၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို အခမဲ့ ပေးထားမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လအကုန်အထိ အခမဲ့ ပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန် ပြောင်းလဲခြင်းဟု ဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထိုအိတ်ချိန်း၊ မန္တလေးတိုင်း မလှိုင်မြို့နယ် မလှိုင်အိတ်ချိန်းနှင့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ညောင်လေးပင်အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းများနှင့် ပြောင်းလဲ တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်များကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

No comments: