Tuesday, November 22, 2016

မူဆယ်မြို့မှာ နေ့လည် ၁၂ နာရီ နောက်ပိုင်းအပြင်မထွက်ရဆိုတဲ့ ကောလဟာလတွေပြန့်နေ ===============================


၂၂..၁၁..၁၆
-
မူဆယ်မြို့မဈေးကြီးမှာဈေးသည်တွေကိုဈေးဆိုင်တွေပိတ်ထားဖိုနေ့လည်၁၂နာရီကျော်ရင်အပြင်မထွက်ဖို့နိုးဆော်တဲ့ကောလဟာလတွေပြန့်နေတယ်လို့ မူဆယ်အထွေထွေအုပ်ချုပ်မှူးဦးဇော်မင်းကပြောပါတယ်။ -
“ကျတော်တို့မပိတ်ခိုင်းထားပါဘူး။ပိုင်ရှင်တွေကကြောက်လို့ ပိတ်ကြ
တာပါ၊ကောလဟာလတွေ အမျိုးမျိုးဖြန့်နေလို့ကျတော်တို့ လိုက်လံ
ဖြေရှင်းနေရတယ်” လို့ဦးဇော်မင်းကပြောပါတယ်။
-
မူဆယ်မြို့ရပ်ကွက်အချို့မှာနေ့လည်၁၂နာရီကျော်ရင်မထွက်ဖို့ လိုက်လံအော်ဟစ်တာကြောင့် ပြည်သူတွေဟာ ဆိုင်တွေပိတ်ပြီး အိမ်ထဲမှာပဲ နေနေကြတယ်လို့ဈေးရောင်း သူတွေထံကသိရပါတယ်
မူဆယ်ဈေးထဲမှာဈေးရောင်းချနေတဲ့နန်းခင်အေးအထည်ပိုင်ရှင်ကဒေါ်နန်းခင်အေးကသူတို့မပြောခင်ကတည်းကဈေးသည်တွေကဈေးမ
ရောင်းရဲလို့ပိတ်ထားကြတယ် တမြို့လုံးဆူညံနေကြတယ်။
အိမ်တွေကိုတံခါးပိတ်ခိုင်းနေတယ်”လို့ပြောပါတယ်။
-
မနေ့ညကမူဆယ်မြို့ထဲမှာပေါက်ကွဲသံတွေ ကြားရပြီး ပြည်သူတွေ အထိတ်အလန့်ဖြစ်ပွားခဲ့ကာည၉နာရီခွဲက ဆိုင်ကယ်စီးလာသူအမျိုး
သားတစ်ဦးသေနတ်နဲ့ပစ်ခံရပြီးဆေးရုံပေါ်တက်ရောက်ကုသနေရပါတယ်။ လောလောဆယ်မှာခွဲစိတ်ခန်းဝင်နေတယ်လို့သိရပါတယ်။
-
မူဆယ်မြို့အ၀င်ပေါက်တွေမှာစစ်တပ်ကလုံခြုံရေးယူထားတယ်လို့မူဆယ်ရှမ်းလူငယ်ကွန်ယက်ကစိုင်းနွမ်လောဝ်ကပြောပါတယ်။
==========
အေးအေးအောင်

No comments: