Sony သည် IFA 2016 ပြပွဲတွင် Xperia စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်သော Xperia XZ နှင့် Xperia X Compact တို့ကို မိတ်ဆက်ခဲ့သည်။
Xperia X နေရာဆက်ခံမည့် Xperia XZ တွင် ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ ကင်မရာနှင့် ဘက်ထရီ feature များကို အာရုံစိုက်ထားသည်။ Xperia XZ တွင် အစောပိုင်း Lumia ဖုန်းများကဲ့သို့ ဒီဇိုင်းကို အသုံးပြုထားကာ Forest Blue ဟု အမည်ရသော အရောင်သစ်ကိုလည်း ထုတ်လုပ်ထားသည်။ ၎င်းဖုန်း၏ လုံးဝန်းသော အလူမီနီယမ် အစိတ်အပိုင်းကို ALKALEIDO ဟု အမည်ရသော အရာဖြင့် ဖန်တီးထားကာ အစွန်းအထင်းများ ဖြစ်ပေါ်ခြင်းမရှိကြောင်း သိရသည်။
Xperia XZ တွင် မျက်နှာပြင် ၅.၂ လက်မ IPS display 1080p ရုပ်ထွက်အရည်အသွေး အသုံးပြုထားသည်။ RAM 3GB နှင့် Snapdragon 820 ချစ်ပ်၊ စတူရီယိုစပီကာအပြင် 200GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD ကတ်ပေါက်နှင့် storage 32GB တို့ပါဝင်လာသည်။ ထို့အပြင် ဖုန်းအများစုတွင် ပါဝင်သော USB Type-C လည်း ပါဝင်လာသလို ရေစိုဒဏ်ခံနိုင်ကြောင်း သိရသည်။
Xperia XZ ၏ ကျောဘက်ကင်မရာမှာ f/2.0 lens နှင့်ရိုက်ကူးနိုင်မည့် 23MP ကင်မရာဖြစ်သည်။ Sony သည် XZ နှင့် X Compact အတွက် IMX300 sensor သစ်ကိုဖန်တီးခဲ့ပြီး autofocus ကင်မရာစနစ်သစ် ပါဝင်လာသည်။ ကင်မရာတွင် အရောင်ကို ခြေရာခံခြင်းအပြင် phase detection နှင့် ရွေ့လျားနေသည့် အရာဝတ္ထုများကို ခြေရာခံပြီး အကွာအဝေးကို တိကျစွာ ဖော်ပြရန် laser-assist ကိုအသုံးပြုထားသည်။ ကင်မရာတွင် optical image stabilization မပါဝင်သော်လည်း SteadyShot Intelligent Active Mode ပါဝင်သည်။ XZ တွင်ဘက်ထရီ 2,900mAh နှင့် အားလျင်မြန်စွာ ဖြည့်နိုင်သော Quick Charge 3.0 ထောက်ပံ့မှုပါဝင်သည်။
Xperia XZ ကို အောက်တိုဘာလ အစောပိုင်းတွင် အနက်၊ အပြာနှင့် ပလက်တီနမ်ဟူ၍ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ကာ ဈေးနှုန်းမှာ ယူရို ၇၀၀ (၇၇၉ဒေါ်လာ) ကျသင့်ဖွယ်ရှိသည်။
Xperia X Compact တွင် XZ ၏ ဒီဇိုင်းကို အသုံးပြုထားသည်။ Sony သည် Xperia X Compact တွင်ပါဝင်သော Snapdragon 650 chipset အပြင် အခြားအသေးစိတ် အချက်အလက်များကို Xperia X မှ ရယူခဲ့သည်။ Xperia X Compact တွင် RAM 3GB နှင့်အတူ Snapdragon 650 ချစ်ပ် hexa-core ပရိုဆက်ဆာ အသုံးပြုထားသည်။ မျက်နှာပြင်မှာ ၄.၆ လက်မ 720p display ဖြစ်သော်လည်း Snapdragon 820 1080p ရုပ်ထွက်အတိုင်း ဖော်ပြပေးနိုင်သည်။ Xperia X Compact ၏ ကင်မရာပိုင်းမှာ Xperia XZ နှင့်တူညီသော်လည်း 4K ဗီဒီယို မရိုက်ကူးနိုင်သလို ရှေ့ကင်မရာ 5MP သာပါဝင်သည်။ Xperia X Compact ကို လာမည့်ရက် သတ္တပတ်အတွင်း အနက်၊ အပြာနှင့် အဖြူဟူ၍ ထုတ်လုပ်သွားမည် ဖြစ်ကာ ဈေးနှုန်းကို မကြာမီ ထုတ်ပြန် ဖွယ်ရှိသည်။
Ref: GSMArena

No comments:
Post a Comment