နိုင်ငံတောင်ဘက် စွန်းတွင် လှုပ်ရှားနေသော မွတ်စ
လင်ခွဲထွက်ရေးသမားများနှင့် ငြိမ်း ချမ်းရေးဆွေးနွေးမှုများကို မလေး
ရှားနိုင်ငံ၌ ပြန်လည်စတင်မည်ဟု ထိုင်းနိုင်ငံ၏ စစ်အစိုးရက ကြာ သပတေးနေ့တွင်
ပြောကြားသော် လည်း သူပုန်များဘက်မှ အပစ်အ ခတ်ရပ်စဲမှု မလိုက်နာပါက သ
ဘောတူညီမှုလက်မှတ် ရေးထိုး မည်မဟုတ်ဟု ပြောသည်။
ထိုင်းနိုင်ငံ တောင်ဘက်စွန်း ရှိ မွတ်စလင်အများစုနေထိုင်ရာ ပြည်နယ်များဖြစ်သော ယာလာ၊ ပတ္တာနီနှင့် နာရာသီဝတ်ပြည်နယ် များရှိ ခွဲထွက်ရေးသမားများသည် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သော လူ လေးဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ၍ ဒဏ်ရာရရှိခဲ့သည့် ကမ္ဘာလှည့် ခရီးသွားမြို့များတွင် ဗုံးခွဲတိုက် ခိုက်မှုများစွာအတွက် အပြစ်တင် ခံထားရသည်။
ဗုဒ္ဓဘာသာဝင်အများစု နေ ထိုင်သော ထိုင်းနိုင်ငံ တောင်ဘက် စွန်းတွင် ဆယ်နှစ်ကျော် ကြာပြီ ဖြစ်သည့် ယင်းဆူပူအုံကြွမှုသည် ၂၀၀၄ ခုနှစ်က စတင်ခဲ့ပြီး ယင်း နောက်ပိုင်း လူ ၆,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း လေ့လာစောင့် ကြည့်ရေးအဖွဲ့ Deep South Watch အဖွဲ့၏ စာရင်းများအရ သိရသည်။
အစိုးရနှင့် ယင်းဆူပူအုံကြွ သူများကြား ဆွေးနွေးမှုများသည် ၀န်ကြီးချုပ်ယင်လပ်၏ အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၃ က စတင်ခဲ့သော်လည်း ၂၀၁၄ ၌ ယင်လပ်အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်ပြီးကတည်းက ဆွေးနွေးပွဲ များ ရပ်တန့်သွားခဲ့သည်။
သောကြာနေ့တွင် ကွာလာ လမ်ပူမြို့၌ ညှိနှိုင်းမှုများ ပြန်လည် စတင်မည်ဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး ပရာဝစ်ဝန်ဆူဝန်က ပြောသည်။
မလေးရှားအစိုးရက ယင်း ညှိနှိုင်းမှုများကို ကြားဝင်ကူညီပေးရန် ကြိုးစားနေသည်။
ထိုင်းအစိုးရ၏ ညှိနှိုင်းရေး ခေါင်းဆောင် ဗိုလ်ချုပ်အက်ဆာ ရာခက်ဖိုးလ်က ယင်းသူပုန်များ သည် အကြမ်းဖက်တိုက်ခိုက်မှု များကို အဆုံးသတ်ခြင်းဖြင့် ကောင်းမွန်သော ယုံကြည်မှုရှိ ကြောင်း ပြသရမည်ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
—Ref: Reuters

No comments:
Post a Comment