အာကာသနှင့်
လေကြောင်း ပျံသန်းရေးဆိုင်ရာ SpaceX ကုမ္ပဏီ၏ ဒုံးပျံသည် ကာနာဗာရယ်အငူရှိ
ဒုံးလွှင့်စင်မှ လေထုထဲသို့ မလွှင့်တင်မီတွင် ပေါက်ကွဲသွားကြောင်းသိသည်။
ဒုံးပျံမလွှင့်တင်မီကလည်း ကာနာဗာရယ်အငူတွင်ပင် စမ်းသပ်မှု ပြုလုပ်ခဲ့သေးသည်။
ဒုံးပျံအတွင်းသို့ လောင်စာဖြည့်စဉ် ချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ မည်သူမျှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း SpaceX က ထုတ်ပြန်ခဲ့သည်။ ထိုအာကာသဒုံးပျံတွင်ပါဝင်သည့် Facebook အတွက် အစ္စရေးမှ တည်ဆောက်ပေးထားသော ဆက်သွယ်ရေးဂြိုဟ်တုမှာလည်း ပျက်စီးသွားကြောင်း သိရသည်။
Facebook သည် Eutelsat ဆက်သွယ်ရေးနှင့်ပူးပေါင်း၍ Internet.org အစီအစဉ် တစ်စိတ်တစ်ဒေသအဖြစ် အာဖရိကသဲကန္တာရအတွင်း broadband internet အသုံးပြုနိုင်ရန်အတွက် Amos-6 ဂြိုဟ်တုဖြင့် ထောက်ပံ့ရန် စီစဉ်ထားသည်။
လက်ရှိအချိန်တွင် အာဖရိကသို့ ရောက်ရှိနေသော Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ဂြိုဟ်တုပျက်စီးသွားခြင်းကြောင့် အလွန်အမင်းစိတ်ပျက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
Amos-6 ဂြိုဟ်တု၏ တန်ဖိုးမှာ ဒေါ်လာ သန်း ၂၀၀ ကျော်ကြောင်း အစ္စရေးအခြေစိုက်ကုမ္ပဏီ Spacecom မှ တရားဝင်ထုတ်ပြန်ခဲ့သည်။
Ref: BBC

No comments:
Post a Comment