Huawei သည် IFA 2016 ကုန်စည်ပြပွဲတွင် Nova နှင့် Nova Plus စမတ်ဖုန်းသစ်များကို မိတ်ဆက်ခဲ့သည်။
Huawei ၏ Nova Plus တွင် လေယာဉ်သုံးအဆင့် အလူမီနီယမ် အသုံးပြုထားသည်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၅ လက်မရှိပြီး ဘက်ထရီမှာ 4,000mAh ဖြစ်သည်။ Nova Plus ၏ ကျောဘက်ကင်မရာမှာ ပိုမိုကောင်းမွန်ပြီး 16MP sensor နှင့် OIS (Optical Image Stabilization) ဖြင့် သုံးနိုင်သည်။ ရှေ့ကင်မရာက 8MP ဖြစ်သည်။ Nova နှင့် Nova Plus တွင် USB Type-C connectors, hybrid dual-SIM နှင့် Android 6.0 Marshmallow အခြေခံ Emotion UI 4.1 ကို အသုံးပြုထားသည်။ Nova Plus ကို Nova စမတ်ဖုန်းနှင့်အတူ စက်တင်ဘာလတွင် ဖြန့်ချိရောင်းချသွားမည် ဖြစ်ကာ ၄၇၈ ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်သည်။
Nova တွင်လည်း လေယာဉ်တွင်အသုံးပြုသော အလူမီနီယမ် ကိုယ်ထည်ဖြင့် ပြုလုပ်ထားသည်။ မျက်နှာပြင်အရွယ်အစားမှာ ၅ လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေးက 1080p (IPS LCD) ဖြစ်သည်။ ကင်မရာပိုင်းတွင် 12MP နှင့် phase-detection autofocus ကို အသုံးပြုထားသည်။ 4K ဗီဒီယိုရိုက်ကူးနိုင်ကာ ကင်မရာအောက်ဘက်တွင် Huawei P9 ၌ အသုံးပြုထားသော fingerprint reader ပါဝင်သည်။ Huawei Nova ၏ ဘက်ထရီမှာ 3,020mAh ဖြစ်ပြီး စွမ်းအင်သက်သာသည့် Snapdragon 625 chipset ကို အသုံးပြုထားသည်။ စက်တင်ဘာလတွင် ဥရောပနိုင်ငံများသို့ ယူရို ၄၀၀ (ဒေါ်လာ ၄၄၅) ဖြင့် ဖြန့်ချိသွားမည် ဖြစ်သည်။
Ref: GSMArena

No comments:
Post a Comment