Friday, September 2, 2016

၈.၄ လက်မ high-resolution display ပါဝင်သည့် Huawei MediaPad M3

Huawei သည် IFA 2016 ပြပွဲတွင် စမတ်ဖုန်းသစ်များသာမက MediaPad M3 tablet ကိုလည်း မိတ်ဆက်ခဲ့သည်။ MediaPad M3 တွင် မျက်နှာပြင်အရွယ် ၈.၄ လက်မရှိသော 2,560x 1,600 display, Harman Kardon အသိအမှတ်ပြု စတီရီယို စပီကာများနှင့် အလွန်ကောင်းမွန်သော အသံပိုင်းဆိုင်ရာများ ပါဝင်သောကြောင့် ဖျော်ဖြေရေးရုပ်သံများ အသုံးပြုသူများအတွက် သင့်လျော်သည်။
MediaPad M3 တွင် Huawei ၏ ကိုယ်ပိုင် Kirin 950 octa-core ပရိုဆက်ဆာများအသုံးပြုထားကာ 2.3GHz core လေးခုအပြင် 1.8GHz core လေးခုဖြင့် အသုံးပြုနိုင်သည်။ အဆိုပါပရိုဆက်ဆာကို RAM 4GB နှင့် သိုလှောင်မှုပမာဏ 32GB သို့မဟုတ် 64GB ဖြင့် နှစ်သက်ရာရွေးချယ်နိုင်သည်။ MicroSD ကတ်မှတစ်ဆင့် 128GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်သည်။ ဘက်ထရီမှာ 5,100mAh ဖြစ်သည်။
ကင်မရာပိုင်းတွင် အရှေ့ဘက်နှင့် အနောက်ဘက်၌ 8-megapixel ကင်မရာများ အသုံးပြုထားသည်။ Android 6.0 Marshmallow အခြေခံ EMUI 4.1 အသုံးပြုထားပြီး nano-SIM card slot နှင့် LTE ထောက်ပံ့မှုပါဝင်သည်။
Huawei သည် MediaPad M3 ကို စက်တင်ဘာလ ၂၆ ရက်တွင် ယူကေအပါအဝင် ဥရောပနိုင်ငံအချို့၌ စတင် ဖြန့်ချိသွားမည် ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံအချို့တွင်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။ MediaPad M3 ၏ 32GB Wi-Fi မော်ဒယ်အတွက် ယူရို ၃၄၉ ကျသင့်မည် ဖြစ်ကာ 64GB Wi-Fi နှင့် 32GB LTE ဗားရှင်းများမှာ ယူရို ၃၉၉ ဖြစ်သည်။ 64GB LTE မော်ဒယ်မှာမူ ယူရို ၄၄၉ ဖြစ်သည်။
Ref: Engadget

No comments: