Google
မှ အသစ် ဖြန့်ချိမည့် အထင်ကရ ဖုန်းများတွင် Nexus အမှတ်တံဆိပ် အသုံးပြုမှု
ရပ်ဆိုင်းဖွယ် ရှိကြောင်းနှင့် ၎င်းဖုန်းများကို Pixel နှင့် Pixel XL ဟု
ခေါ်ဆိုဖွယ်ရှိကြောင်း သတင်းထွက်ပေါ် လာပြီးနောက် Google ၏ ထုတ်ကုန်
သစ်မိတ်ဆက်ပွဲနှင့် ပတ်သက်၍ သတင်းတစ်ရပ် ထပ်မံထွက်ပေါ်လာခဲ့သည်။
Android Police မှ ဖော်ပြချက်အရ Google အနေဖြင့် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ထုတ်ကုန်များ မိတ်ဆက်ပွဲကို အောက်တိုဘာလ ၄ ရက်တွင် ကျင်းပဖွယ်ရှိကြောင်း၊ ၎င်းပွဲတွင် Pixel ဖုန်းသစ်နှစ်မျိုးကို တွေ့မြင်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါပွဲတွင် 4K Chromecast, Google Home နှင့် ကောလာဟလ သတင်းများစွာ ထွက်ပေါ်နေသော Daydream VR viewer တို့ကိုလည်း တွေ့မြင်ရဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
ကုမ္ပဏီ၏ Daydream-ready device အနေဖြင့် မိတ်ဆက်ဖွယ်ရှိသည့် VR headset ကို Daydream View ဟု ခေါ်ဆိုဖွယ်ရှိကြောင်းလည်း သိရသည်။
Ref: 9to5Google

No comments:
Post a Comment