တန်ပိုတင်ဆောင်ခွင့်ရရေး မော်တော်ယာဉ်များဖြင့် လှည့်လည် ဆန္ဒဖော်ထုတ်
တောင်ငူ၊ စက်တင်ဘာ ၎
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပဲခူး-မော်လမြိုင် လမ်းခွဲပေါ်ရှိ ရွှေသံလွင် တိုးဂိတ်မှ တန်ပို ကန့်သတ်ထားမှုနှင့် ပတ်သက်ပြီး ဒေသခံ ဖောကား လုပ်ငန်းရှင် ၅၀ ကျော်က ယနေ့ ( စက်တင်ဘာ ၄ ရက်) နံနက် ၈ နာရီခွဲခန့်က ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း ဦးဆောင်သူများက ပြောကြားသည်။
“ကားတစ်စီးကို ကျပ်သိန်း၂၀၀ ကျော် ရင်းထားရပေမယ့် တန်ပို ကန့်သတ်ထားတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဖောကားက ကုန်မျိုးစုံ တင်ရတာ။ တစ်ခါတစ်လေ ကုန်ပွက ပြဿနာ မရှိပေမဲ့ ကုန်ကျစ်ဆို သူတို့ သတ်မှတ်တဲ့ ၁၂ တန်က ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် ၁၆ တန်အထိ တင်ခွင့်ပေးဖို့ တောင်းဆိုတာပါ”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးချိုဝင်းနိုင်က ပြောကြားသည်။
ပဲခူး-မော်လမြိုင် လမ်းပေါ်ရှိ ရွှေသံလွင် တိုးဂိတ် တန်ပို သတ်မှတ်ချက်ထက် ပိုတင်ဆောင်ခွင့် ရရှိရေးအတွက် ပဲခူး၊ ဘုရားကြီး၊ ပေါက်တော၊ ဝေါရှိ ဒေသခံ ဖောကားလုပ်ငန်းရှင် ၅၀ ကျော်က အဆိုပါနေ့ နံနက် ၈ နာရီခွဲမှစတင်ကာ ဘုရားကြီးမြို့ ပေါက်တောဝရှိ ရွှေသံလွင် တိုးဂိတ်ရှေ့မှ စတင်ကာ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ဖောကာကြီးများဖြင့် ဖြတ်သန်း မောင်းနှင်ကာ ပဲခူးမြို့ မက်မြန်မာ တိုးဂိတ်အထိ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကာ နံနက် ၁၁ နာရီခွဲခန့်တွင် ငြိမ်းချမ်းစွာ လူစု ခွဲခဲ့ကြကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့သူများက ပြောကြားသည်။
“ကျွန်တော်တို့ ဖောကားသမားတွေ တန်ပို သတ်မှတ်ချက်ကြောင့် အလုပ် နားနေရတာ ကြာပြီ။ သူတို့ သတ်မှတ်ထားသလိုဆို ဆီဖိုး၊ ကားဒရိုင်ဘာကြေး၊ ဘာကြေး၊ ညာကြေးနဲ့ အရင်းတောင် ရှုံးနေပြီ။ ဒါကို ပြေလည်အောင် မဖြေရှင်းပေးဘူးဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံကိုလည်း တင်ပြသွားဖို့ ရှိတယ်”ဟု ပဲခူးမြို့ခံ ဖောကား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ရွှေသံလွင်တိုးဂိတ်မှ တန်ပိုကန့်သတ်ခြင်းကို ဆန္ဒဖော်ထုတ်ရန် သြဂုတ် ၂၇ ရက်ခန့်က ပေါက်တော၊ ဘုရားကြီး၊ ပဲခူးဒေသခံ လုပ်ငန်းရှင်များက တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားခဲ့ခြင်းဖြစ်ကာ ယခုလ ၁ ရက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment