Sunday, September 4, 2016

သံလွင်မြစ်အတွင်း ကလေးငယ်အလောင်း မျောလာ



 






မော်လမြိုင်၊ စက်တင်ဘာ ၃ ။ ။ မော်လမြိုင်မြို့၊ ဘိုကုန်ရပ်ကွက် ၊ ကမ်းနားလမ်းရှိ ၊ သံလွင်ဆိပ်ခံတံတား (ထားဝယ်တံတား) အနီးတွင် သံလွင်မြစ်အတွင်း မျောပါလာသည့် ကလေးငယ်တစ်ဦး၏ အလောင်းကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီခွဲက ဆယ်ယူရရှိခဲ့ကြောင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။




သံလွင်မြစ်အတွင်းမှ ဆယ်ယူရရှိသည့် အလောင်းမှာ အသက် ၇ နှစ်အရွယ်ခန့် ယောင်္ကျာလေးအလောင်းဖြစ်ကာ အလောင်းနှင့် ပက်သက်၍ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ရေနစ်သေဆုံးသည့် လက္ခဏာဖြစ်သာ သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။




အဆိုပါ မျောပါလာသည့် အလောင်းကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် (၄/ ၂၀၁၆) ဖြင့် အမှုဖွင့်ထားပြီး အမည်နှင့် နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်ကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။




ကလေးငယ်များ ကျောင်းစိမ်းဘောင်းဘီတိုဝတ်ထားပြီး အဝါ၊ လိမ္မော်၊ အပြားပါသည် အစင်းကြား အင်္ကျီဝတ်ထားကြောင်း သိရသည်။

Photo - RESCUE Mawlamyine.
Written by - ဟိန်းထက်
Hinthar Media Corporation


 



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: