အိမ်ဖော်ကလေးနှစ်ဦး ကိစ္စမှာ သဘောရိုးနဲ့ဆောင်ရွက်ခဲ့ပါတယ်ဆိုတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူဖို့ ပြည်သူ့လွှတ်တော်က ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မဲခွဲအတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးပါဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချိုက အရေးကြီးအဆို တင်သွင်းခဲ့တာပါ။
ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနဲ့ အဖွဲ့ဝင် ဦးဇော်ဝင်းတို့က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သဘောရိုးနဲ့ ဆောင်ရွက်ခဲ့တာလို့ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒီနောက် အဆိုရှင် ဦးပြုံးချို အဆိုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရယူရာ ထောက်ခံမဲများတဲ့အတွက် လူ့အခွင့်အရေးကော်မရှင်ကို ထိရောက်စွာ အရေးယူဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
MCN
No comments:
Post a Comment