Thursday, September 1, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိဗိမာန်၌ ကျင်းပသော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အလှူရှင်များက ငလျင်ဒဏ်သင့်ဒေသရှိ စေတီဘုရားပုထိုးများနှင့် ရခိုင်ပြည်နယ်ရှိ သာသနာ့ဗိမာန်များ ပြန်လည်ပြုပြင်ရန် အလှူငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။


ထို့နောက် ငလျင်ဒဏ်သင့်ဒေသရှိ စေတီဘုရားပုထိုးများနှင့် ရခိုင်ပြည်နယ်ရှိ သာသနာ့ဗိမာန်များ တည်ဆောက်ရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် အလှူငွေများအား ပေးအပ်လှူဒါန်းခြင်းနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေများအား လက်ခံခြင်းတို့အား ဆောင်ရွက်ခဲ့သည်။

No comments: