မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, September 1, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ
နေပြည်တော်၊ စက်တင်ဘာ ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေဦးစီးချုပ် Maj. Gen. Dato Paduka Seri Mohd Tawih Bin Abdullah ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွား ရောက်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ကာကွယ်ရေးဦးစီးချပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အမတ်ကြီး H.E.Mr. Pehin Orang Kaya Seri Pahlawan Colonal (R) Dato Paduka Haji Abdu'r Rahmani Bin Dato Paduka Haj Basir နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပထမဦးဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အကြီးအကဲ၊ ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံအတွင်းထင်ရှားသောနေရာများအား ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment