Sunday, September 25, 2016

မုံရွာနှင့် ကန့်ဘလူတွင် ဓာတ်လိုက်၍ အမျိုးသားနှစ်ဦး သေဆုံး

မုံရွာနှင့် ကန့်ဘလူမြို့နယ် တို့တွင် တစ်နေ့တည်း အမျိုးသားနှစ်ဦး ဓာတ်လိုက်၍ သေဆုံးခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မုံရွာမြို့ ကွေ့ကြီးရပ်ကွက် တွင် အသက် (၂၃)နှစ်အရွယ် သံဂဟေလုပ်သား အမျိုးသားတစ် ဦးနှင့် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာ ကန်သာယာရပ်ကွက် တွင် အသက် (၂၇)နှစ်အရွယ် လက်သမားလုပ်ကိုင်သူ အမျိုး သားတစ်ဦးတို့သည် စက်တင်ဘာ ၂၃ ရက်က ဓာတ်လိုက်သေဆုံး ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှတ်တမ်းအရ သိရ သည်။

‘‘သံဂဟေလုပ်သားက ဂဟေဆော်ဖို့ မီးစက်နှိုးရင်း ဓာတ်လိုက် သေဆုံးသွားတာပါ။ လက်ချောင်း ထိပ်ဖျားတွေမှာ ဓာတ်လိုက်လို့ ညိုမည်းနေတာ တွေ့ရတယ်’’ဟု မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောကြားသည်။

မုံရွာမြို့ မြဝတီရပ်ကွက်နေ အသက် (၂၃)နှစ်အရွယ် သံဂဟေ လုပ်သား အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၂၃ ရက် နံနက် ၁ နာရီခန့်က ကွေ့ကြီးရပ်ကွက် သံခွံဆိပ်၌ သံဂဟေဆော်ရန် မီးစက်နှိုးစဉ် ဓာတ်လိုက်၍ ရုတ်တရက်လဲကျသွားရာမှ မုံရွာပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူစဉ် သေဆုံးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

သေဆုံးသူ၏ ရင်ဘတ်တွင် ပွန်းရှဒဏ်ရာအနည်းငယ်  စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအ တိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်မုံရွာမြို့ မြို့မရဲစခန်းက သေမှုသေ ခင်းအမှတ်စဉ် (၃၀/၂၀၁၆)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ကန့်ဘလူမြို့နယ် ဉာဏ်အင်း ကျေးရွာနေ လက် သမားအလုပ်လုပ်ကိုင်သော အ သက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ထန်းကုန်း ကျေးရွာ၌ လျှပ်စစ်လွန်ပူဖောက်ရာမှ ဓာတ်လိုက်သဖြင့် လက်နှစ်ဖက်ညိုမည်းဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်  ပတ် သက်၍ ဇီးကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက   အမှုဖွင့်  စစ်ဆေး လျက်ရှိကြောင်း   သတင်းရရှိ သည်။

No comments: