ကချင်ပြည်နယ် နောင်မွန်မြို့နယ်ရှိ ကျောင်းသားလေးများ (ဓာတ်ပုံ − မရန်)
နောင်မွန်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စာသင် ချိန် လေးလခန့်ရှိနေပြီဖြစ်သော် လည်း ကျောင်းသုံးဖတ်စာအုပ် ထက်ဝက်ခန့်ရောက်ရှိမလာသေး ကြောင်း နောင်မွန်မြို့နယ် ဒုတိယ ပညာရေးမှူး ဦးကူရှင်တင်ထွဋ်က ပြောကြားသည်။
ကျောင်းသုံးစာအုပ်များ စာ သင်ချိန်အမီ ရောက်ရှိမလာ၍ စာ သင်ကြားရာတွင် အခက်အခဲများ စွာရှိကြောင်း မြို့နယ်ဒုတိယပညာ ရေးမှူးက ဆိုသည်။
‘‘ကျွန်တော်တို့ဆီမှာ မ ရောက်လာဘူး။ ရောက်လာတာ တော့ ကျောင်းတွေကို အကုန်ခွဲ ဝေပေးလိုက်ပြီ’’ဟု ၎င်းက ပြော သည်။ နောင်မွန်မြို့နယ်ရှိကျောင်း များသည် လမ်းပန်းဆက်သွယ် ရေး အလွန်ခက်ခဲ၍ ကျောင်းများ သို့ စာအုပ်သယ်ဆောင်ရာ၌လည်း အခက်အခဲ များစွာရှိကြောင်း နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာ မှ မူလတန်း လွန်ကျောင်းအုပ် ဆရာမကြီးက ဆိုသည်။
‘‘စာအုပ်သယ်ဖို့က ဘတ် ဂျက်မရှိဘူး။ ကျွန်မခေါင်လန်ဖူး မှာ တာဝန်ကျတုန်းကဆို ကျောင်း သားတွေကို ခေါ်ပြီးပဲ ကိုယ့်ဟာ ကို သွားထမ်းရတာ။ အခုဒီမှာ လည်း ဖတ်စာအုပ်တွေ မရောက် တော အဟောင်းတွေစုပြီး ရသ လောက်နဲ့ သင်ရတယ်’’ဟုဆရာမကြီးက ပြောကြားသည်။
နောင်မွန်မြို့နယ်တွင် ပြီးခဲ့ သည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ ၁၆၀ ကျော် ရှိသော်လည်း အောင်မြင်သူ နှစ်ဦးသာရှိကြောင်း ဒုပညာရေးမှူးက ဆိုသည်။
No comments:
Post a Comment