မြန်မာနိုင်ငံမှာ ရှိတဲ့ အကျဉ်းထောင်တွေဟာ ကမ္ဘာ့ကုလသမဂက ထုတ်ပြန်ထားတဲ့ စံခ်ျိန်စံနှုန်းတွေနဲ့ မညီဘဲ အကျဉ်းထောင်အတွင်း အကျဉ်းသားဦးရေကို အဆမတန်ထားရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးဘိုကြည်ကပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင် အခြေအနေနဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာဆွေးနွေးပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၃ ခု ရှိပြီး ရဲဘက်စခန်း ၅၀ ကျော်၊ အကျဉ်းသားဦးရေ ၆၀၀၀၀ ကျောာ်ရှိနေတာပါ။
အဲဒီအကျဉ်းသားတွေထဲမှာ အမျိုးသမီး ဦးရေ ၁၆ ရာခိုင်နှုန်းရှိပြီး အသက်မပြည့်သေးတဲ့ ကလေး သူငယ်အကျဉ်းသားဦးရေ (၁)ရာခိုင်နှုန်းရှိနေကြောင်း အစီရင်ခံ စာမှာဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာကို ၂-နှစ်ကြာ လေ့လာမှုတွေပြုလုပ်ခဲ့ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
MCN
No comments:
Post a Comment