မြောက်ကိုရီးယားနိုင်ငံတွင်
ပညာရေးဌာန ထိပ်ပိုင်းအရာရှိ တစ်ဦးနှင့် အခြားအရာရှိ နှစ်ဦးကို
ကျေးလက်ဒေသ ပညာရေးကို ပြန်လည် ပြုပြင်ရန် အားထုတ်မှုဖြင့် ကွပ်မျက်
လိုက်ကြကြောင်း တောင်ကိုရီးယားနိုင်ငံမှ ထိပ်ပိုင်း တာဝန်ရှိသူများက
ထုတ်ဖော် ပြောကြားကြောင်း AP သတင်းတွင် ဖော်ပြထား သည်။
မြောက်ကိုရီးယားနိုင်ငံတွင်
ခေါင်းဆောင်သစ် ကင်ဂျုံအန်း တက်ကတည်းက ထိပ်တန်း ခေါင်းဆောင်များ၊
ဌာနဆိုင်ရာ အရာရှိများကို မိမိ စိတ်သဘော မတွေ့လျှင် ဖြုတ်ထုတ်
သတ်လုပ်နေခြင်းမှာ ပိုပြီး ထင်ရှားလာကြောင်း ယင်းသတင်းက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသည်
တံခါးပိတ် ဝါဒကို ကျင့်သုံးသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး
အာဏာရှင်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံ၏ သတင်းမီဒီယာ လုပ်ငန်းများ
အပါအဝင် အခြား သတင်းမီဒီယာများကို ထိန်းချုပ်ထားသောကြောင့် မတရား
သတ်ဖြတ်မှုများကို သိနိုင်စေရန် သိပ်မလွယ်ကြောင်း AP သတင်းတွင်
ရေးသားထားသည်။
ပြိုင်ဘက်
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံအတွင်း သူလျှိုများ
စေလွှတ်ထားပြီး ဖြစ်ရပ်မှန်များကို ထောက်လှမ်း ပေးပို့စေကာ အာဏာရှင်နိုင်ငံ၏
လုပ်ဆောင်ချက်များကို သတင်း ထုတ်ပြန်နေရခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံတွင်
ပညာရေး ထိပ်ပိုင်း ခေါင်းဆောင်များကို ကွပ်မျက်မှုထဲတွင် မြောက်ကိုရီးယား
ကက်ဘိနက် ဒုတိယဝန်ကြီးချုပ် ကင်ယုံဂျင် ကိုယ်တိုင် ပါဝင်သွားကြောင်း
တောင်ကိုရီးယားနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူ ဂျုံဂျူဟီးက ပြောကြားသည်။
ကင်ယုံဂျင်သည်
ပညာရေးဌာန၏ အကြီးအမှူး တစ်ဦးအဖြစ် တာဝန်ယူနေရသူ တစ်ဦးဖြစ်ပြီး သူ့ကို
နောက်ဆုံး လူမြင်ကွင်းတွင် တွေ့လိုက်ရသည်မှာ ဇွန်လ ၁၅ ရက်နေ့က
ကျင်းပခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ ထူထောင်မှု နှစ်ငါးဆယ်ပွဲတွင်
ဖြစ်သည်။
No comments:
Post a Comment